နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးရောဂါ ကြိုတင်ကာကွယ် သတိပြုပါ

ကမ္ဘာပေါ်တွင် ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးသူဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ် တွင် နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးရခြင်း ကို ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တောင်အာရှနိုင်ငံများရှိ သေဆုံးမှုအားလုံး၏ ၁၇ ရာခိုင်နှုန်း နီးပါးသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကြောင့်ဖြစ်ကြရ သည်ဟု အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီ (အိုင်စီအမ်အိုင်) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ နှလုံးရောဂါနှင့် နှလုံးသွေးကြော ဆိုင်ရာ ရောဂါများဖြစ်ပွားရသည့် နောက်ကွယ်မှ အဓိကအကြောင်း ရင်းမှာ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကပ်ရောဂါကာလ အတွင်း ကြုံတွေ့ရသည့် လူနေမှုပုံစံများ၊ ကြီးမားသည့်အလုပ်ဖိအား များကြောင့် ဖြစ်သည်။

လူတို့၏နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲလာသည်နှင့် အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံးရောဂါ ပါဝင်လာသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါ စသည့် နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေနိုင်သော ရောဂါ များပင် ဖြစ်၏။

ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ရောဂါကိုကြိုတင်မသိခြင်း၊ ရောဂါ ရှိကြောင်းသိသော်လည်း ပေါ့ပေါ့တန်တန် နေထိုင်စားသောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှုအားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျှူရှုထားခြင်း စသည်တို့ကြောင့် ဖြစ်သည်။

နှလုံးနှင့်သက်ဆိုင်သည့်ရောဂါများဖြစ်ပွားမှု လျော့နည်းလာစေ ရန် မျိုးဆက်သစ်လူငယ်များအား အသိပညာပေးရန် အရေးတကြီး လိုအပ်နေပေသည်။ နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင် ကုသရန်ခက်ခဲ လှသည်။ လူတို့အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံး ခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့်များ လျှော့၍စားသုံးခြင်း၊ အရက် နှင့် ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြု ကာကွယ်ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခု ပြုလုပ်ခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သင့်သည်။

လူအချို့စားသုံးသော အဓိကဟင်းလျာများတွင် အငန်၊ အချိုနှင့် အဆီဓာတ်များ ပိုကဲစွာတွေ့ရတတ်သည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်များက အသားမှရသော ဆီထက်၊ ဟင်းသီးဟင်းရွက်နှင့် ငါးမှရသော ဆီကို စားသုံးရည်ညွှန်းဆိုကြသည်။

သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကြောင့် သေဆုံးရခြင်းမှ ကင်းဝေးစေရန် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက် သည်ဆိုသည့်စကားအတိုင်း အနေအထိုင် အစားအသောက်တို့ကို သတိပြုနေထိုင် စားသောက်စေချင်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ