နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် ကလပ်အသင်းများကိုစုံစမ်းစစ်ဆေးရန် လာလီဂါအဖွဲ့ချုပ် ဥက္ကဋ္ဌ တောင်းဆို

စက်တင်ဘာ ၁၃

ပြီးခဲ့သည့်   နွေရာသီ ကစားသမား  အပြောင်းအရွှေ့ ကာလတွင် ပြောင်းရွှေ့ကြေး အသုံးစရိတ် များစွာအသုံးပြု ပြီး ကစားသမားသစ်များ ခေါ်ယူခဲ့ကြသည့် ပရီးမီးယား လိဂ်ကလပ် အသင်းများကို ဘဏ္ဍာရေး  စည်းမျဉ်းနှင့် ပတ်သက် ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်အတွက်စပိန် လာလီဂါအဖွဲ့ချုပ်  ဥက္ကဋ္ဌ တိဗက်စ်က ဥရောပ ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများအနေဖြင့် မြင့်မားသည့် ပြောင်းရွှေ့ကြေး များဖြင့် ကစားသမားသစ် အများအပြားကို ခေါ်ယူခဲ့ကြပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ် ယူရို နှစ်ဘီလီယံကျော်ရှိခဲ့ကာ သမိုင်းတစ်လျှောက်တွင်လည်း ပြောင်းရွှေ့ကြေး  အများဆုံး အသုံးပြုခဲ့သည့် အပြောင်းအရွှေ့ ကာလအဖြစ်   စံချိန်တင်ခဲ့ ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်    နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ကစား သမားသစ်များ ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးအသုံးစရိတ် သည် အခြားဥရောပထိပ်တန်း လိဂ်များဖြစ် သည့် စပိန် လာလီဂါ၊  အီတလီစီးရီးအေ၊ ဂျာမန်ဘွန် ဒက်စ်လီဂါနှင့် ပြင်သစ် လီဂူး ပြိုင်ပွဲတို့ထက်  အဆမတန်များ ပြားနေသည့်အတွက်   စပိန် လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌက ပရီး မီးယားလိဂ် ကလပ်အသင်းများ အနေဖြင့်    ပြောင်းရွှေ့ကြေး ဖောင်းပွအောင် လုပ်ဆောင်ပြီး မရိုးသားသည့် လုပ်ရပ်များ လုပ် ဆောင်ခဲ့သည်ဟု  စွပ်စွဲခဲ့ကာ စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဥရောပဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

                            (သူရိန်)






အခြားဆက်စပ်သတင်းများ