နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရာသီဥတုပြောင်းလဲမှု

ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက် ပို၍ ပူနွေးလာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး ၏ ရာသီဥတုဖြစ်စဉ်ပြောင်းလဲလာသည်။ ရာသီဥတုဖြစ်စဉ် ပြောင်းလဲမှုကြီးသည်     ကမ္ဘာတစ်ခွင်ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီတွေ့မြင်နေရသည်။
လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော အဓိကညစ်ညမ်း စေသည့်အရာများမှာ ရာသီဥတုများအပေါ် သက်ရောက်မှု များရှိပြီး ဖန်လုံအိမ်ဓာတ်ငွေ့များ၏ အရင်းအမြစ်များဖြစ် ခြင်းကြောင့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုကို လည်း ဆက်စပ်လျက်ရှိသည်။
ကမ္ဘာ့နိုင်ငံများတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှု၊ မော်တော်ယာဉ်အသုံးပြုမှုများပြားလာမှု၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လာမှုတို့နှင့်အတူ ရာသီဥတုပြောင်းလဲ လာပြီး အပူချိန်ကြောင့် တောမီးလောင်ကျွမ်းမှုများသည် လေထုညစ်ညမ်းမှုကိုဖြစ်စေသည်။
လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်လာ နေကြောင်းကမ္ဘာတစ်ဝန်းက အစီအမံများပြုလုပ်ထိန်းချုပ် သွားရန်လိုကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။ သက်ရှိအားလုံးတွင် မရှိမဖြစ်အရေးပါ သော အိုဇုန်းလွှာကိုထိန်းသိမ်းကြရန် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို ကုလသမဂ္ဂမှဦးဆောင်ပြဌာန်းခဲ့ သည်။ အိုဇုန်းလွှာပျက်စီးနေခြင်းကို ကာကွယ်ရန် ကမ္ဘာ့ နိုင်ငံများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရာတွင် ဟိုက်ဒရို ဖလူရိုကာဗွန်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များလျှော့ချ နိုင်ရေးသည် အရေးပါသည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့အစည်း၏ ဆန်းစစ် ချက်အစီရင်ခံစာတွင်    ဟိုက်ဒရိုဖလူရိုကာဗွန်အပါအဝင်   ဖန်လုံအိမ်ဓာတ်ငွေ့များမလျှော့ချနိုင်ခြင်းကြောင့် ငွေကုန် ကြေးကျများပြားစေခြင်း၊  ကာဗွန်ပိုမိုထုတ်လုပ်စေသည့် အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို  လျော့နည်းကျဆင်းခြင်း၊ လွန်ကဲသောရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များဖြစ်ပေါ်ခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်စေသည်ဟု  ဖော်ပြ ထားသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည် လက်ရှိအနေ အထားအတိုင်း ဆက်လက်ထုတ်လွှတ်နေပါက အိုဇုန်းလွှာ ပျက်စီးမှုမြင့်မားလာမည်ဖြစ်သည်။ အိုဇုန်းလွှာပျက်စီးမှုမှ ကာကွယ်ရန် ဤကမ္ဘာမြေပေါ်တွင် သစ်တောသစ်ပင်များ များစွာရှင်သန်နေရေးသည် အရေးပါသည်။ မိမိတို့နိုင်ငံတွင် နိုင်ငံတော်ကဦးဆောင်၍ သစ်ပင်စိုက်ပျိုးရေးလူထုလှုပ်ရှား မှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ အိုဇုန်းလွှာ ပျက်စီးခြင်းမှကာကွယ်ရေးတွင် တစ်ထောင့်တစ်နေရာပါဝင် ဆောင်ရွက်နေခြင်းဟု ဆိုချင်ပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ