စလင်း ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ပြည့်ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို ကျေးရွာပေါင်း ၂၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက မိမိတို့ကျေးရွာအလိုက် ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ် အလိုက် စီမံချက်များ ရေးဆွဲကာကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၅ ရာခိုင်နှုန်းအထိပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရစဉ်။
ငြိမ်းသူ(စလင်း)