နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးအန္တရာယ်သတိပြုကာကွယ်

မိမိတို့နိုင်ငံတွင်ဖြစ်ပွားသော   မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့်လောင်ကျွမ်းသော မီးလောင်မှုမှာအများဆုံး ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်များအရ သိရ သည်။ 

ယခုရက်ပိုင်းအတွင်း မီးလောင်မှုများစိတ်လာသည်။ စက်တင်ဘာ ၁၀ ရက် နံနက် ၁ နာရီ ၅၀ မိနစ်က ပဲခူး တိုင်းဒေသကြီး ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက် မှော်ကန် ၇ လမ်းနှင့် ၈ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခြင်း၊ ၁၁ ရက်တွင် ပဲခူးမြို့၊  အင်းတကော်ကျေးရွာ၊ ညောင်အင်းပြည်သာ စက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခြင်း၊ စက်တင်ဘာ ၁၄ ရက်က  ရန်ကုန်တိုင်းဒေသကြီး၊  သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက် အောင်သပြေလမ်းတွင် မီးလောင်မှု ဖြစ်ပွားခြင်း၊    ယင်းနေ့ ၂ နာရီ ၅ မိနစ်တွင် မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် ရန်ကုန်အင်းစိန်လမ်းတွင် မီးလောင်မှုဖြစ်ပွား ခြင်း၊ စက်တင်ဘာ ၁၅ ရက် နံနက် ၇ နာရီ ၅၀ မိနစ်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၆ ရပ်ကွက် ပုဂံလမ်းတွင် မီးလောင် မှုများဖြစ်ပွားခဲ့သည်။ 

မကြာမီမိုးရာသီကုန်ဆုံးပြီး ခြောက်သွေ့သောရာသီသို့ ရောက်ရှိမည်ဖြစ်သည်။ မိမိတို့နေ့စဉ်မသုံးမဖြစ် အသုံးပြုနေ ရသည့်မီးကို ပိုမိုဂရုထားအသုံးပြုကြရန် လိုအပ်သည်။ နှစ်စဉ်မီးလောင်မှုကြောင့် မလိုလားအပ်သော အသက်အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်း ပပျောက် သွားစေရန် လူတိုင်း မီးကိုဂရုပြုသုံးစွဲသင့်သည်။

မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်၊ ပတ်ဝန်းကျင် ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံးမှုမများနိုင်ကြောင်း အိမ် တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်းတွင် ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက်၊ မီးသတ်ဆေးဘူးများဆောင်ထားခြင်း ဖြင့် အလျင်အမြန်မီးငြှိမ်းသတ်နိုင်ကြောင်း မီးသတ်ဦးစီး ဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေးနှိုးဆော်အသိပေး ထားသည်။

မီးဘေးအန္တရာယ်ကို အားလုံးသတိမူလာရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်လျက်ရှိသော်လည်း ပြည်သူများလိုက်နာမှုအားနည်း ကြောင်းတွေ့ရသည်။ ယင်းသို့လိုက်နာမှုအားနည်းခြင်း ကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများလျော့နည်းသွားစေ ရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ်စောင့်ရှောက် စေချင်ကြောင်း တိုက်တွန်းရပေသည်။






အခြားဆက်စပ်သတင်းများ