နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သူလယ်သမားတို့ အားထားရမည့် စက်ကိရိယာများ တိုးမြှင့်သုံးစွဲ

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထား အားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှု စီးပွားဘဝရှင်သန်ရပ်တည်မှုသည် ယခင်နှင့်မတူတိုးတက် ကောင်းမွန်လာ၏။

မြန်မာနိုင်ငံတွင် စပါးနှင့် ဆီထွက်သီးနှံမြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးစိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေ ကောင်းမြေကောင်းသည့်နေရာများတွင် စိုက်ပျိုးရေးနည်း ပညာများဖြန့်ဖြူးပေးခြင်းနှင့်မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေးစိုက်ပျိုးလျက်ရှိသည်။ နိုင်ငံအဝှမ်း လယ်၊ ယာ၊ ကိုင်း၊ ကျွန်းအစရှိသည့် စိုက်ပျိုးမြေ စုစုပေါင်းဧက ၃၃ သန်းကျော်ရှိသည်။ အခြားသီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိသည့်အပြင် စက်မှုကုန်ကြမ်းသီးနှံများဖြစ် ကြသည့် ကြံနှင့်ဝါ အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိ သည်။ 

ယခုအခါ တောင်သူလယ်သမားတို့၏ဘဝသည် ပို၍ ကောင်းမွန်သောအလှည့်အပြောင်းကို ကူးပြောင်းရောက်ရှိ လာပြီဖြစ်သည်။   မြန်မာ့လယ်ယာကဏ္ဍသည်     စက်မှု လယ်ယာခေတ်ကို ဦးတည့်လျှောက်လှမ်းနေပြီဖြစ်သည်။ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးငွေချေးယူ နိုင်သည့် အခွင့်အလမ်းများပေါ်ထွန်းလာနေပြီဖြစ်သည်။ 

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် ၂၃ မြို့နယ်ရှိတောင်သူများကို JICA (Two Step Loan)ချေးငွေဖြင့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူ အသုံးပြုနိုင်ရန် ငွေကျပ်သန်း ၁၈၀၀ လျာထားထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲမှ အသိပေးထားသည်။ တောင်သူများ၏လုပ်ငန်း ခွင်များတွင်    လျင်မြန်ချောမွေ့ကာလုပ်ငန်းများ  တွင်ကျယ် စေရန်  လယ်ယာသုံးစက်ကိရိယာပစ္စည်းများဖြစ်သော ထွန်စက်ကြီး၊    ထော်လာဂျီ၊   ရိတ်သိမ်းခြွေလှေ့စက်နှင့် အခြားလယ်ယာသုံးစက်ကိရိယာများကို   တောင်သူများ လိုအပ်ချက်ရှိသည့် စက်အမျိုးအစားအလိုက် ဝယ်ယူအသုံး ပြုနိုင်ရန် ထုတ်ချေးပေးမည်ဖြစ်သည်။ 

တောင်သူတို့ လယ်ယာသုံးစက်ကိရိယာများအသုံးပြုလာကြသဖြင့် စက်စွမ်းအားပြည့်၊ လူ့စွမ်းအားပြည့်အသုံးချ တတ်လာ၏။ ရာသီလည်းမီ၊ အလုပ်လည်းတွင်၊ အလေ အလွင့်နည်း၊ လုပ်သားရှားလည်း ပူစရာမလို၊ အရင်းအတွက် ပူစရာမရှိအောင် တောင်သူများ၏လိုအပ်ချက်ဖြစ်သည့် လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုခြင်းဖြင့် မိမိ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ရာသီ သီးနှံများကို ကြိုးပမ်းစိုက်ပျိုးကြစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ