မန္တလေး ဇွန် ၁၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးနေရပ်အသီးသီးသို့ပြန်လာကြသည့် အလုပ်သမား အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၁၁၀ ဦးတို့သည် ဇွန် ၁၀ ရက်၊ နံနက် ၄ နာရီက မန္တလေး-လားရှိုးအမှတ် (၁၃၂)အစုန်ရထားဖြင့် လားရှိုးမြို့မှတစ်ဆင့် ပြန်လာကြရာ ညနေ ၅ နာရီခွဲတွင် မန္တလေးဘူတာကြီးသို့ ရောက်ရှိကြသည်။
မန္တလေးဘူတာကြီးတွင် နေရပ်ပြန်အလုပ်သမားများအား မန္တလေးတိုင်းဒေသကြီး Covid-19 ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များက မန္တလေးဘူတာကြီးတွင် ကျန်းမာရေး စစ်ဆေးပြီး ခေတ္တတည်းခိုရန် အောင်မြေသာစံမြို့နယ်အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းသို့ ပို့ဆောင်ပေးသည်။ ပြင်ဦးလွင်ဘူတာတွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ အာရှအလင်းရောင်ပရိယတ္တိစာသင် တိုက်မှဆရာတော်နှင့်ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှစေတနာရှင်များက ထမင်းထုပ်များ၊ ရေသန့်ဘူးများလာရောက်လှူဒါန်းပေးကြသည်။ ဆက်လက်၍ ဇွန် ၁၁ ရက်၊ နံနက်တွင် ပြည်ပပြန်များ၏နေရပ်အသီးသီးပြန်နိုင် ရန် မန္တလေးမြို့ရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၏ မော်တော် ယာဉ်များဖြင့် ယာဉ်ရပ်နားစခန်းနှင့်ဘူတာရုံသို့ဆက်လက်ပို့ဆောင်ပေးသည်။
မောင်ပြည်သူ(မန္တလေး)