ရန်ကုန် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး(အနောက်ပိုင်းခရိုင်)၊ လှိုင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ယာယီရပ်ဆိုင်းထားသည့် ဧပြီလနှင့် မေလများအတွက် မွေးကင်းစအရွယ်မှ အသက်တစ်နှစ်ခွဲ အထိ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်မြို့နယ်တွင် ရပ်ကွက်(၁၆)ရပ်ကွက်ရှိပြီး နေ့စဉ်တိုကင် ၅၀ ပေး၍ စနစ်တကျထိုးနှံပေးလျက်ရှိပါသည်။ ကျန်းမာရေးဌာနနှင့်အလှမ်းဝေးသော ရပ်ကွက်များသို့လည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ ဇွန် ၁၀ ရက်၊ နံနက် ၉ နာရီကစ၍ (၁၁)ရပ်ကွက်သို့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝေဆင့်ကျော် ဦးဆောင်လျက်သွားရောက်ထိုးနှံပေးခဲ့ကြစဉ်။
ကြည်ဇေသော်(ပြန်/ဆက်)