နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်း ကျန်းမာနေပါမှ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်ပြီး အလုပ် ကို ကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ လူတိုင်း အသက်ရှည်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ်သည်။ လူမှုဘဝနယ်ပယ် ၌ အရာရာတွင် ဓာတုပစ္စည်းနှင့်မကင်းပါ။ အစားအသောက် အဝတ်အထည်၊ သုံးစွဲစရာပစ္စည်းမှအစ ဓာတုဓာတ်သဘော နှင့်မလွတ်ကင်းချေ။ 

လူအများလွယ်ကူစွာအဆင်ခြင်မဲ့စားသောက်စရာအပူ များကို ပလတ်စတစ်ဖြင့်ထည့်သွင်းယူဆောင်၍ စားသောက် တတ်ကြသည်။ အပူကြောင့် ဓာတ်ပြောင်းလဲလာသည်ကို နားမလည်ကြ၊ အထူးသတိပြုသင့်သည်။ လူမှုပတ်ဝန်းကျင် တွင် ဓာတုဗေဒဓာတ်သဘောနှင့် မကင်းသည့်အတွက် သတိပြုဆင်ခြင်သုံးစွဲသင့်သည်။ ပလတ်စတစ်သည် ဓာတု ပစ္စည်းဖြစ်သည်။ သူ့ချည်းထားလျှင် သက်ရောက်မှုမရှိ ပေါင်းစပ်အသုံးပြုသော် ဓာတ်ပြုတတ်သည်။ 

ယနေ့စားသောက်နေသော အစားအသောက်များတွင် ဆိုးဆေးနှင့် အက်ဆစ်များမည်မျှပါဝင်သည်ကို သတိပြုကြ ဖို့လိုပါမည်။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်၊ အဆင်းထုပ်ပိုးမှုတို့မှာ    လွန်စွာကောင်းမွန်သော်လည်း ဘေးအန္တရာယ်၊ ရှိ၊ မရှိ သတိထားဆင်ခြင်ရန် လိုအပ်သည်။

ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အများဆုံးလွှမ်းမိုးမှုမှာ ချည်ထည်လုပ်ငန်းသုံး ဆိုးဆေးများပင်ဖြစ်သည်ဟု အစား အသောက်နှင့်ဆေးဝါးဆိုင်ရာ စစ်ဆေးရေးအဖွဲ့က သတိပေး ထားသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ဓာတ်ခွဲ စစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက်မှ စားသုံး ရန်မသင့်ဟုစစ်ဆေးတွေ့ရှိသည့် အစားအသောက်နမူနာ စာရင်းများကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်း ဖော်ပြလျက်ရှိသည်။ 

အဆိုပါခွင့်မပြုဆိုးဆေးများနှင့် ဓာတ်ပြုထားသော အစားအသောက်များကို    စားသုံးခြင်းဖြင့်    အသည်း၊ ကျောက်ကပ်နှင့်အခြားကင်ဆာရောဂါဖြစ်စေသည်ဟု ဆိုထားသည်။   မြန်မာနိုင်ငံရှိ   လယ်ယာထွက်သီးနှံများ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံစိုက်ပျိုးသူများ  ပုံမှန် စိုက်ပျိုးနည်းစနစ်များတွင် ခေတ်မီဓာတုဗေဒဆေးများ၊ ပိုးသတ်ဆေးများအသုံးပြုကာ စိုက်ပျိုးခြင်းကြောင့် စားသုံး သူများရေစင်ကြယ်စွာမဆေးကြောပါက ဓာတုဗေဒဆေးဝါး များနှင့် ပိုးသတ်ဆေးများ၏အန္တရာယ်ကို ခံစားရနိုင်သည်။ 

သို့ဖြစ်ရာ ပြည်သူများ   ကျန်းမာရေးသုခပြည့်ဝရေး အတွက် အစားအသောက်များသည် အဓိကကျလျက်ရှိရာ ထုတ်လုပ်သူရော၊ စားသုံးသူတို့ပါ အထူးသတိပြုဆင်ခြင်စေ ချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ