နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သည့်စိတ်ထားဖြင့်လုပ်ဆောင်

လူတို့၏အတွင်း အဇ္ဇျတ္တသဘောမှာ မကောင်းမှုတွင် ပျော်မွေ့တတ်သည့်သဘောရှိသည်။ အပျော်ကြူး၍ စိတ် အလိုလိုက်မှုများနှင့် စည်းကမ်းလိုက်နာမှုအားနည်းမှုများ  ရှိခဲ့သည်။ လောကတစ်ခွင် ထာဝရငြိမ်းချမ်းသာယာစေ ချင်သည်မှာ လူတိုင်း၏အလိုဆန္ဒဖြစ်သည်။ အကျည်းတန် အရုပ်ဆိုးသည့်ပတ်ဝန်းကျင်၊ မနှစ်မြို့ဖွယ်ရာရပ်ဝန်းတို့ကို  မည်သူမျှအလိုရှိမည်မဟုတ်ချေ။ အားလုံးမှာ အေးချမ်းစွာ နေထိုင်ချင်သဖြင့် မကောင်းမှုကို တွန်းပို့တတ်သည့်အရာ မှန်သမျှကို သတိပြုကြရမည်ဖြစ်သည်။ 

ပြည်သူလူထုအကျိုး၊ ပြည်သူတို့၏လူမှုစီးပွားရေးဘဝ တို့ကို ကူညီ‌ဖော်ဆောင်ပေးကြရာတွင် အပြုသဘောဆောင်၊ အကောင်းမြင်စိတ်ထားကာ၊ စေတနာသန့်သန့်ဖြင့် ကူညီ ဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သည့်လုပ်ငန်းတစ်ရပ် ဖြစ်သည်။ 

ယနေ့အခြေအနေတွင် နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်မြောက်လာခဲ့ပြီး။ အခက်အခဲမျိုးစုံနှင့် ရုန်းကန်ကြိုးပမ်း တည်ဆောက်နေကြရသည့် တတိယကမ္ဘာ့နိုင်ငံငယ်များကို နည်းမျိုးစုံနှင့် သိမ်းသွင်းရာတွင် ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုများ တစ်ကမ္ဘာလုံးတွင် လုပ်ဆောင် လျက်ရှိသည်။ 

မျက်မှောက်ကာလတွင် မြန်မာပြည်တွင်းနေရာအနှံ့အပြား တွင် အပြစ်မဲ့လက်နက်မဲ့ပြည်သူများ၊  ရဟန်းသံဃာများကို အကြမ်းဖက်သမားတို့က  သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့ သည်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG  နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများက ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ် စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊  ခြိမ်းခြောက်ခြင်းများကို လူမှု ကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ အားပေးကူညီခြင်းများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရေးမဖြစ်သင့်၊ မဖြစ်ထိုက်သည်တို့ကို မဖြစ်ပွားအောင်   ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင် ဆောင်ရွက်တားဆီးဖော်ထုတ်မှုကို အရှိန်မြှင့်တင်ဆောင် ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ