နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆုတောင်းပြည့် မယ်လမုစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု ယာယီရပ်နားထား

ရန်ကုန် ဧပြီ ၄ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြို့နယ်ကျက်သရေဆောင် ဆုတောင်းပြည့် မယ်လမုစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုကို ယာယီရပ်နားထားကြောင်း သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့မှ သိရသည်။ ဆုတောင်းပြည့် မယ်လမုစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်သည့်အနေဖြင့် အဆိုပါ ဆုတောင်းပြည့် မယ်လမု ဘုရားဝင်းအား ၂၄ နာရီပတ်လုံး ပိတ်ထားသည့်အပြင် မယ်လမုစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုကိုလည်း ယာယီရပ်နားထားကြောင်း သိရသည်။ "လောလောဆယ် ဘုရားဝင်းကိုလည်း ၂၄ နာရီ ပိတ်ထားလိုက်တယ်။ ရွှေသင်္ကန်းကပ်တဲ့ လုပ်ငန်းကို လည်း ယာယီရပ်နားထားတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဆိုတော့မှပဲ အခြေအနေကြည့်ပြီး လုပ်ငန်းပြန်စဖြစ်မယ်"ဟု ဆုတောင်းပြည့် မယ်လမုစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ ဆုတောင်းပြည့် မယ်လမုစေတီတော်မြတ်ကြီးတွင် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို နှစ်စဉ် ဆောင်ရွက်လေ့ရှိပြီး ထိုသို့ ရွှေသင်္ကန်းကပ်လှူရာတွင် မျက်ပါးရွှေအမျိုးအစားကို အသုံးပြုကြောင်း သိရသည်။ ကိုဆောင်း (ဥက္ကလာ)






အခြားဆက်စပ်သတင်းများ