ရန်ကုန် ဇွန် ၁၀
ညောင်တုန်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေရပ်ဒေသသို့ ပြန်လာသူများအား အသွားအလာကန့်သတ် စောင့်ကြည့်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးရန်အတွက် မတ်လ ၂၇ ရက်နေ့မှ စတင်၍ စာသင်ကျောင်းများတွင် စောင့်ကြည့်ရေးစင်တာ ခုနစ်ခုဖြင့် ဖွင့်လှစ်ထားရှိခဲ့ရာ အခြေခံပညာကျောင်းများ မကြာမီ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်သည့်အတွက် ကျန်းမာရေးဆက်လက်စောင့်ကြပ်ကြည့်ရှုရန် ကျန်ရှိသည့် နေရပ်ပြန်လာသူများအား ဇွန် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲက အမှတ် (၃) ရပ်ကွက်၊ မြို့တော်ခန်းမ၌ ပြောင်းရွှေ့နေရာချထားပေးခဲ့စဉ်။
ဝဠာနိုင်(ညောင်တုန်း)