နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမားဂေါ်ဒန်ကို အဲဗာတန်အသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း

စက်တင်ဘာ   ၁၈

အဲဗာတန်အသင်းသည် ကွင်းလယ်ကစားသမား ဂေါ်ဒန် ကို လုပ်ခလစာခြောက်ဆခန့် ထိတိုးမြှင့်ပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် အပြောင်းအရွှေ့ ကာလက အဲဗာတန်အသင်း သည် ဂေါ်ဒန်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၆၀ ရရှိ လျှင် ရောင်းချမည်ဟု ကြေညာ ခဲ့သော်လည်း ချဲလ်ဆီးအသင်း က သန်း ၄၀ ဖြင့်သာ ကမ်းလှမ်း ခဲ့ခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။ 

ချဲလ်ဆီးအသင်းက လာ မည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဂေါ်ဒန်ကို ထပ်မံကမ်းလှမ်းလာ ဖွယ်ရှိသောကြောင့် အဲဗာတန် အသင်းကလည်း လက်မလွှတ် လိုသည့်အတွက် လက်ရှိရရှိ နေသည့် တစ်ပတ်လုပ်ခလစာ စတာလင် ပေါင် ၁၀၀၀၀ မှ စတာလင်ပေါင် ၆၀၀၀၀၀ ထိ တိုးမြှင့်ပြီး ကာလရှည်သက် တမ်းတိုး စာချုပ်ချုပ်ဆိုသွား မည်ဖြစ်ကာ စာချုပ်ဖျက်သိမ်း ကြေးကိုလည်း ပေါင် ၇၅ သန်းထိ သတ်မှတ် သွားမည်ဖြစ်သည်။ 

အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားဂေါ်ဒန် သည် အဲဗာတန်အသင်းအကယ် ဒမီမှ ထွက်ပေါ်ခဲ့သည့် ကစား သမားတစ်ဦးဖြစ်ပြီး ပရတ် စတန် အသင်းတွင် အငှားသွား ရောက်ကစားခဲ့ပြီးနောက် ပြီးခဲ့ သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ကအသင်းနှင့် ပြန်လည်ပူးပေါင်း ခဲ့ပြီးနောက် အဓိကကွင်းလယ် ကစားသမားအဖြစ် ခြေစွမ်းပြ နေသူဖြစ်သည်။            (သူရိန်)






အခြားဆက်စပ်သတင်းများ