နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဝလမ်းကြောင်း ဖြောင့်ရေး

ကျွန်ုပ်တို့အနေဖြင့် လိမ္မာရေးခြားရှိရန် ကား၊ မိဘ၊ ဆရာ သမားများ ဆိုဆုံးမမှုကြောင့်သော်လည်းကောင်း၊ ကိုယ်တွေ့ ဗဟုသုတများကြောင့်သော် လည်းကောင်း၊ စာပေဗဟုသုတများ ကြောင့်သော် လည်းကောင်း ရရှိနိုင်ပေ၏။ သို့သော် မိဘဆရာ သမားတို့၏ ဆိုဆုံးမမှုထက် စာပေကရရှိလာသော ဗဟုသုတများ ကြောင့် ပို၍လိမ္မာရေးခြားရှိသည်ဟုဆိုလျှင် မည်သူမျှမငြင်းနိုင်ပါ။

လောက၌ မိဘစကားကို နားထောင်သူများ ကြီးပွားတိုးတက် သကဲ့သို့ မိဘစကားနားမထောင်မိကြ၍  နောင်တတစ်ဖန် ပူပန်ခြင်းများစွာဖြင့်  ဒုက္ခပင်လယ်ဝေရသူများလည်း  ရှိ၏။ မည်သည့်မိဘမဆို မိမိသားသမီးများအပေါ် ဆိုးစေလိုသော ဆန္ဒမရှိ၊ ကောင်းစေလိုသော ဆန္ဒသာရှိ၏။ ကောင်းစေလိုသော သဘောဖြင့်သာ ပြောဆိုဆုံးမတတ်ကြ၏။ 

လက်ရှိမျက်မှောက်ခေတ်တွင် မိမိပတ်ဝန်းကျင်ကို လေ့လာ ကြည့်ပါ။ မိဘဆိုဆုံးမစကား နားထောင်သူများနှင့် နားမထောင်သူ များ ဘဝအနေအထား ခြားနားသည်ကို တွေ့မြင်ရပေမည်။ မိဘတို့ မည်သည် လမ်းကောင်းကိုသာ ညွှန်ပြတတ်၏။ မိမိတို့ရှင်သန်ရာ ပတ်ဝန်းကျင်ကောင်းက အရေးကြီးပေသည်။ 

ငယ်စဉ်အခါ  တတ်သင့်တတ်အပ်သော  အသက်မွေး ဝမ်းကျောင်းပညာများ သင်ယူတတ်မြောက်ထားခြင်းမရှိလျှင် ဘဝ တစ်လျှောက်လုံး လျှောက်လှမ်းရာတွင် ခက်ခဲကြမ်းတမ်းတတ်၏။ ကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်ကြံစည်သူ၏ နောက်သို့ အရိပ်သည် အစဉ်လိုက်သကဲ့သို့ ချမ်းသာသုခအစဉ်လိုက်လေ သည်ဟု ဓမ္မပဒ၊ ယမကဝဂ်၊ စာပိုဒ် ၂ တွင် ဖော်ပြထားသည်။

ယနေ့ခေတ် လူငယ်လူရွယ်တို့ဘဝ တိုးတက်အောင်မြင်ရေး တံခါးပေါက်ကို ဖွင့်ပေးနိုင်သည့် သင်တန်းများစွာရှိ၏။ ဥပမာ အားဖြင့် ကွန်ပျူတာ၊ စီးပွားရေးစီမံခန့်ခွဲမှုစာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ဘဏ်လုပ်ငန်းဆိုင်ရာသင်တန်း စသည်တို့ဖြစ်၏။ သင်တန်းများ တက်ရောက်သင်ခြင်းဖြင့် ဗဟုသုတကြွယ်ဝနိုင်၏။ မှန်ကန် မြန်ဆန်သော အသိပညာကို တစ်မဟုတ်ခြင်း တိုးပွားသွားနိုင်၏။ ကြီးပွားချမ်းသာမှုကို လူတိုင်းလူတိုင်း လိုလားတောင့်တကြသည်။ အောင်မြင်ကြီးပွားတိုးတက်ရေးတွင် ဇွဲ၊ လုံ့လ၊ ဝီရိယ အခြေခံ အရင်းတည်ကာ ကျင့်ကြံအားထုတ်ကြရန်လိုသည်။

ယနေ့လူငယ်လူရွယ်တို့သည် ငယ်ရွယ်စဉ်အခါ ပညာရှာ ဆိုသကဲ့သို့ ဆိုင်ရာသင်တန်းများကို တက်ရောက်ထားခြင်းဖြင့် ဘဝအဆင့်ဆင့် တက်လှမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လူငယ်၊ လူရွယ်တို့သည် မိဘဆရာသမားတို့၏ ဆိုဆုံးမမှုများအပေါ် လေးစားစွာ နာခံဆောင်ရွက်ခြင်းဖြင့် ဘဝလမ်းကြောင်းဖြောင့် ကာ တစ်ဆင့်တစ်ဆင့် တက်လှမ်းလျက် ဘဝတိုးတက်အောင်မြင် ကြမည် ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ