နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှု အစဉ်အလာမှသည်

၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးကို မြို့ကြီးများ၌ ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် ဝါသနာရှင် (ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊အဆင့် မြင့်ပညာအဆင့်၊အခြေခံပညာ(အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ် အတွင်း) အဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)အဆင့်၊အခြေခံပညာ(အသက် ၁၀ နှစ်ပြည့် မှ ၁၅ နှစ်အတွင်း)အဆင့်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်များမှာ၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေး မှု အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့် ကမ်းပေးနိုင်ရေး၊ ထာ၀ရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှအထောက်ပြုနိုင်ရေးဟူ၍ ချမှတ်ထားသည်။

မြန်မာတို့၏ ပင်ကိုဗီဇ၊ စိတ်ဓာတ်၊စရိုက်လက္ခဏာများအရ ရှေးအစဉ်အဆက်ကတည်းက မြန်မာတို့နှင့်လိုက်ဖက်တင့် တယ်သော အနုပညာသံစဉ်တေးသွားများ ရှိပြီးဖြစ်သည်။ သာယာငြိမ့်ညောင်းဖွယ် သံစဉ်များကိုကြားရလျှင် စိတ်နှလုံး ဘဝင် လွမ်းမောကြည်နူးစေသည်။ မြူးကြွသည့်သံစဉ်များကို ကြားရလျှင် တက်ကြွလန်းဆန်းစိတ်ရွှင်လန်းမှု ဖြစ်စေသည်။ ဘိုးဘွားစဉ်ဆက် ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသော အစဉ်အလာရှိခဲ့သည်။

မြန်မာတို့ကယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးပါ ကွယ်ပျောက်မည်ဟု ခံယူထားကြသည်။ယဉ်ကျေးမှုဆိုလျှင် စား၊ဝတ်၊နေ၊ရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစကား၊ အနုပညာ  စသည်တို့ အကျုံးဝင်ပါသည်။

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှု မကွယ်ပျောက်စေရေးအတွက် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးအတီး၊ ပြိုင်ပွဲကြီးအား လှိုက်လှဲ စွာ ဂုဏ်ယူကြိုဆိုခြင်းဖြင့်   ယဉ်ကျေးမှုအမွေကို  ဆက်လက်  ထိန်းသိမ်းစောင့်ရှောက်စေချင်ကြောင်း။          ။






အခြားဆက်စပ်သတင်းများ