နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရိုင်းမီးယားကျွန်းဆွယ် လက်နက်တိုက် ပေါက်ကွဲမှု

ခရိုင်းမီးယား၊ သြဂုတ် ၁၈ 


ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ လက်နက်တိုက်တစ်ခုတွင် ကြီးမားသည့် ပေါက်ကွဲမှုများကြောင့် မီးလောင်မှု ဖြစ်ပွားကာ လူပေါင်းသုံးထောင် ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သြဂုတ် ၁၇ ရက်တွင် အာဏာ ပိုင်များက ထုတ်ပြန်သည်။


 ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရုရှားသိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားဒေသရှိ ရုရှားစစ် စခန်းတွင် လက်နက်ခဲယမ်းများ သိုလှောင်ရာ အဆောက်အဦတစ်ခု၌ ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုသည် ယခုသီတင်းပတ်အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ 


ရုရှားကမူ မည်သည့်အတွက်ကြောင့် လက်နက်တိုက် ပေါက်ကွဲမှုဖြစ်သည်ကို အတိအကျ ဖော်ပြခြင်းမရှိဘဲ အဖျက်အမှောင့်လုပ်ရပ်အဖြစ်သာ သတ်မှတ်ကြောင်း ပြောဆိုထားသည်။ 


ခရိုင်းမီးယားဒေသတွင် ပြီးခဲ့သည့်သီတင်းပတ်ကလည်း Saki လေတပ်စခန်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရုရှားစစ်လေယာဉ် ကိုးစင်း ပျက်စီးခဲ့ကာ ယင်းကို မတော် တဆ မှုအဖြစ်သာ သဘောထားကြောင်း ရုရှားဘက်က ထုတ်ပြန်သည်။ 


လက်နက်တိုက် ပေါက်ကွဲမှုအပေါ် ယူကရိန်းဘက်က မည်သို့မျှ ပြောဆိုခြင်း မရှိသော်လည်း ယူကရိန်း သမ္မတ အကြံပေး Mykhaylo Podolyak ကမူ ခရိုင်းမီး ယားကို သိမ်းပိုက်ထားသည့် ရုရှားအတွက် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည့် အခြေအနေများရှိနေကြောင်း ယင်း၏တွစ်တာ လူမှုကွန်ရက်တွင် ရေးသားထားသည်။                                                                                         (ref:AFP)






အခြားဆက်စပ်သတင်းများ