နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒို - ပစိဖိတ်ဒေသသို့ ပထမဆုံးအကြိမ် တိုက်လေယာဉ်များ ဂျာမနီ စေလွှတ်

ဘာလင်၊ဩဂုတ် ၁၈ 


ဂျာမန်လေတပ်  တိုက်လေယာဉ်များ ပါဝင်သည့် လေတပ်အစုတစ်စုကို အင်ဒို-ပစိဖိတ်ဒေသသို့ပူးတွဲစစ်ရေး လေ့ကျင့်ရန် နှင့် အခြားစစ်ဆင်‌ရေးများ အတွက် ပထမဆုံးအကြိမ်စေလွှတ်လိုက် ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက သြဂုတ် ၁၇ ရက်တွင် ပြောသည်။ 


ယင်းသို့ စေလွှတ်ရာတွင် Euro-fighter ဂျက်ခြောက်စီးနှင့်အခြားစစ် လေယာဉ်များပါဝင်ပြီးယင်းတို့ကို စေလွှတ်ခြင်းသည် ထိုင်ဝမ်ရေ လက် ကြားပတ်ဝန်းကျင်၌ တင်းမာမှုများ မြင့်တက်နေစဉ် ဒေသတွင်းလုံခြုံရေးမြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။


 အဆိုပါ စစ်လေယာဉ်အစုသည် ဩစတြေးလျသို့ ဆက်လက်သွား ရောက် မည် ဖြစ်ကာ စက်တင်ဘာ ၂၈ ရက်တွင် ဂျပန်သို့ သွားရောက်မည်ဖြစ်ကြောင်း ဂျာမနီနှင့်သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနများက ထုတ်ပြန်ထားသည်။ 


ထို့ပြင် ဂျာမနီ အရှေ့တောင်ပိုင်း Bavaria ပြည်နယ်ရှိ အခြေစိုက်စခန်းရှိ လေယာဉ်ကို တောင်ကိုရီးယားနှင့် စင်ကာပူသို့လည်းဆက်လက်စေလွှတ် မည်ဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။ 


အင်ဒို-ပစိဖိတ်ဒေသတွင်၎င်း၏ ထိတွေ့ ဆက်ဆံမှုကို အရှိန်မြှင့်လုပ် ဆောင်နေသော ဂျာမနီသည် ၂၀၂၀ ပြည့်နှစ်တွင် ပြီးပြည့်စုံသော အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ထုတ်ပြန်ထား သည့် နိုင်ငံလည်းဖြစ်သည်။ 


(ref : Kyodo News)






အခြားဆက်စပ်သတင်းများ