နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတဇနီး ကိုဗစ်ပေါ့စတစ်ဖြစ်နေ

ဝါရှင်တန်၊ သြဂုတ် ၁၈ 


အသက် ၇၁ နှစ်ရှိ အမေရိကန်သမ္မတ ဇနီးဂျေးလ်ဘိုင်ဒင်တွင် ကိုဗစ်ရောဂါ ပိုးစစ်ဆေးတွေ့ရှိပြီး အပျော့စား လက္ခ ဏာများ ခံစားနေရကြောင်း၎င်း၏ ပြော ရေးဆိုခွင့်ရှိသူ Elizabeth Alexander က သြဂုတ် ၁၇ရက်တွင်ထုတ်ဖော် ပြော ကြားသည်။ 


သမ္မတဇနီး ဂျေးလ်ဘိုင်ဒင်ကို အပတ်စဉ် ကျန်းမာရေးစနစ် ပုံမှန်စမ်း သပ်မှုများ ပြုလုပ်လျက်ရှိရာ ယခုရက် သတ္တပတ်စစ်ဆေးမှုတွင် ကိုဗစ် မရှိ ကြောင်း ကနဦးတွေ့ရသော်လည်း ယမန် နေ့က  အအေးမိခြင်းကဲ့သို့ရောဂါ လက္ခဏာများ စတင်တွေ့ရှိခြင်း ဖြစ် ကြောင်း သိရသည်။ 


ထို့ကြောင့် လျင်မြန်သော အန်တီ ဂျင် စမ်းသပ်မှုများပြုလုပ်ရာ ယင်းထံ တွင် ကိုဗစ်နက်ဂတစ်အဖြေ သာ တွေ့ ရှိခဲ့သော်လည်း PCRစစ်ဆေးမှုတွင် ပေါ့စတစ်ပြနေခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ 


ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်ထိုး ပြီးသော သမ္မတကတော်ထံတွင်ကိုဗစ် ပိုးတွေ့ရှိခြင်းကြောင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက Paxlovid သောက် ဆေးကိုသောက်ရန် ညွှန်ကြားထားပြီး US CDC ၏ လမ်းညွှန်ချက်အရ ယခု ကာလ အတွင်း သမ္မတဇနီးသည် တောင် ကယ်ရိုလိုင်းနား Kiawah ကျွန်းရှိကိုယ် ပိုင်အိမ်တွင် နေထိုင်မည်ဖြစ်ပြီး အခြား သူများနှင့် အနည်းဆုံး ငါးရက်ခန့်ခွဲ၍ သီးခြားနေထိုင်မည်ဖြစ်ကြောင်း  သိရ သည်။ 

(ref: Reuters)






အခြားဆက်စပ်သတင်းများ