မိုင်းယောင်း ဇွန် ၁၀
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ဇွန် ၁၀ ရက် နံနက်ပိုင်းက သွေးလွန်တုပ်ကွေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်နှင့် ကျေးရွာအတွင်း လှည့်လည်၍ တစ်အိမ်တက်ဆင်း အဘိက် ဆေးခတ်ပေးခြင်း၊ နေအိမ်အတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ရန်နှင့် သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာ ဆော်ဩပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးစဉ်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)