နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်မှုလယ်ယာစနစ်ကူးပြောင်းရေး အ‌လေးထားဆောင်ရွက်

မျက်မှောက်ကာလတွင် ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲဖော်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် မူလ အခြေအနေနှင့်ကိုက်ညီသော လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ တွင် အကြောင်းအမျိုးမျိုးသောအခက်အခဲများ၊ ခေတ်မမီသည့်     စိုက်ပျိုးရေးနည်းစနစ်များကြောင့်    စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှုနှေးကွေးသည်။


နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အလေးထားခြင်းကြောင့်၊ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝ ရှင်သန်ရပ်တည်မှုသည် ယခင်နှင့်မတူ  တိုးတက်ကောင်းမွန်လာ၏။  လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းတွင် မြေယာပြုပြင်နိုင်မှုသည် အဓိကလိုအပ်ချက်ဖြစ် သည်။ ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စက် အင်အား၊ ဓနအင်အားတို့ပါဝင်လာသည်။


ယခုအခါ မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာခေတ် ကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည်။ စက်မှုလယ်ယာမြေစနစ် ဖော်ထုတ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးပျံ့နှံ့ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ 


လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနေရာ တွင် တောင်သူအများစု၌ လယ်ယာသုံးစက်ကိရိယာများလက်ဝယ် ရှိနေပြီး၊ လယ်ယာလုပ်ငန်းများ၌ စက်ကိရိယာများအသုံးပြုခြင်း ဖြင့်၊ အချိန်ကုန်၊ ငွေကုန်၊ လူသက်သာလာပြီး တောင်သူများအတွက် အကျိုးများလာသည်နှင့်အမျှ  စက်ကိရိယာများကို  စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်ရန် လိုအပ်လာသည်။ 


ယင်းကြောင့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲများကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန များ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ 


အဆိုပါသင်တန်းများတွင် တစ်လုံးထိုးလက်တွန်းထွန်စက်၊ ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့် ကောက်စိုက်စက်များကို စနစ်တကျ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပေးသည်။ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း မိတ္တီလာ မြို့၌ လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု အသိအမှတ်ပြု သင်တန်းများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်မည် ဖြစ်သည်။


တောင်သူလယ်သမားအများစုထံ၌ လယ်ယာသုံးစက်ကိရိယာ များကို  ရေရှည်တည်တံ့ရန်နှင့်  ဝင်ငွေတိုးတက်ရရှိခံစားနိုင်ရန် ခေတ်မီစက်မှုလယ်ယာမြေစနစ်ထူထောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တက်ညီလက်ညီဆောင်ရွက်ပါက အောင်မြင်မှုများ ရရှိမည်ဟုဆိုချင်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ