နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီဂျစ် ဘုရားကျောင်း မီးလောင် လူ ၄၀ ကျော် သေဆုံး

ကိုင်ရို၊သြဂုတ် ၁၅


အီဂျစ်နိင်ငံ ဂီဇာမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းတွင် ဩဂုတ် ၁၄ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄၁ ဦးသေဆုံးပြီး ၄၅ ဦးခန့်ဒဏ်ရာရရှိ ထားကြောင်း သိရသည်။


အင်ဘာဘာရပ်ကွက်ရှိ ကော့ပ်တစ် အာဘူ ဆီဖင် ဘုရားကျောင်းတွင် လူငါး ထောင် ခန့် စုရုံးနေစဉ် လျှပ်စစ်ဝါယာ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခြင်းဖြစ် ကြောင်း အာဏာပိုင်များက ဆိုသည်။


မီးသည် ဘုရားကျောင်း ၏ အဝင်ဝ တွင် စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး လူ များကြောက်လန့်ကာ အစုလိုက်အလု အယက် ပြုံတိုးကြခြင်းကြောင့် သေဆုံး ကြခြင်းဖြစ်ပြီး သေဆုံးသူအများစုသည် ကလေးငယ်များဖြစ်ကြောင်းသိရသည်။


အီဂျစ်တွင် လျှပ်စစ်ကြောင့် မီး လောင်မှု များသည် အဆမတန်များပြား လာကာ ပြီးခဲ့သည့် ၂၀၂၀ နှစ်ကုန်ပိုင်း ကလည်း  ကိုဗစ်-၁၉ ကုသပေးနေသည့် ဆေးရုံတစ်ရုံ မီးလောင်၍ လူနာ ၁၉ ဦး သေဆုံးပြီး အနည်းဆုံး ခုနစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။


ဂီဇာမြို့သည် အီဂျစ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံ၏ မြို့တော် ကိုင်ရိုနှင့် နိုင်းမြစ်တစ်ဖက်တစ်ချက်တွင် ရှိသည်။                                  (ref: AFP)






အခြားဆက်စပ်သတင်းများ