နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမကာသုံးစွဲမှု၊ လျော့နည်းရေး ကြိုးပမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၂၀၀ ကျော်သည် အရက်ကိုစွဲစွဲမြဲမြဲသောက်သုံး ကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက်ယမကာကြောင့်ဖြစ်သော ဝေဒနာများခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန် ထားသည်။ 


မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကို လျော့နည်းစေရေးအတွက် ဥပဒေအကြောင်းအရ ပညာပေးမြှင့် တင်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ သည်။


ယခုအခါနေထိုင်မှုပုံစံပြောင်းလဲမှုကို အကြောင်းအမျိုးမျိုးပြပြီး အရက်သောက်သုံးသူများ ပိုမိုများပြားလာ၏။ အသက်ငယ်ရွယ်သူ များအပြင်   မိန်းကလေးများလည်း   သောက်သုံးလာကြသည်။ ယမကာအန္တရာယ်သည် တစ်နေ့တခြားကြီးမားလာသည်။ 


ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက်စွဲရောဂါ ခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲရှိအစိတ် အပိုင်းများပျက်စီးရပြီး  နောက်ဆက်တွဲရောဂါပေါင်းစုံရရှိကာ အသည်းခြောက်ရောဂါခံစားရပြီး အသက်အန္တရာယ်ဖြစ်စေသည်။


ယမကာအရက်ကို    စိတ်အပန်းဖြေသောက်ရာမှတစ်ဆင့် အရက်စွဲသွားသူများလာကြောင်း   ကျန်းမာရေးပညာရှင်များက သတိပေးပြောကြားသည်။   အရက်စွဲရခြင်းအကြောင်းမှာ  မိမိ ကိုယ်တိုင်စိတ်မထိန်းနိုင်ဘဲ ဆက်တိုက်သောက်မိခြင်း၊ ပတ်ဝန်းကျင် ဝင်ဆန့်ဖို့ အရက်သောက်ခြင်းနှင့်ပတ်ဝန်းကျင်စေ့ဆော်မှုနှင့် မျိုးရိုး လိုက်ခြင်း၊  မိသားစုအဆင်မပြေသူများ၊  စိတ်ဖိစီးမှုများသူများ၊ တစ်ကိုယ်တည်းနေထိုင်သူများတွင် ပိုမိုအရက်စွဲနိုင်သည်။


အရက်ကိုစွဲလမ်းသွားခြင်းသည် လူမှုရေးနှင့် စီးပွားရေး၊ ကျန်းမာရေးကိုထိခိုက်စေသည်။ ပြည်သူတစ်ရပ်လုံး၏ ကျန်းမာ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင် သော အရက်ယမကာသောက်သုံးမှုလျော့နည်းကျဆင်းပြီး၊ ကျန်းမာ ကြံ့ခိုင်သောလူမျိုးဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အရက် ယမကာသောက်သုံးမှုလျော့နည်းစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ 


အရက်အဖျော်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက်စေ ခြင်းနှင့် ကိုယ်ကျင့်သိက္ခာနှင့် ပြစ်မှုကျူးလွန်မှုများကို အလွယ်ကူဆုံး အလျင်အမြန်ဆုံးဖြစ်ပေါ်စေနိုင်သောကြောင့် အရက်အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ပေးစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ