နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွားများတွင်ဖြစ်ပွားသည့် အရေပြားရောဂါအတွက် အိန္ဒိယတွင် ကာကွယ်ဆေး စတင်ထုတ်လုပ်

နယူးဒေလီ၊  သြဂုတ်  ၁၂ 


အိန္ဒိယနိုင်ငံသည် နွားများတွင်အဖု အကျိတ်အရေပြားရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဒေသထွက် ကာကွယ်ဆေး တစ်မျိုးကို   စတင်ထုတ်လုပ်နေပြီဖြစ် ကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၁ ရက်တွင် ပြောသည်။ 


အိန္ဒိယစိုက်ပျိုးရေး သုတေသနအဖွဲ့ (ICAR) ၏ အင်စတီကျုနှစ်ခုမှထုတ်လုပ် သည့် Lumpi-ProVac Ind ကာကွယ် ဆေးကို ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီး Narendra Singh Tomar ၏ ထောက် ခံမှုဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်။ 


တိရစ္ဆာန်များကြားတွင်  အဖုအကျိတ်    အရေပြားရောဂါဖြစ်ပွားမှုကို    အိန္ဒိယ ပြည်နယ်အများအပြားတွင်  နှိမ်နင်းနေ ချိန်တွင်  အဆိုပါ ကာကွယ်ဆေးကိုစတင် ထုတ်လုပ်နေခြင်းဖြစ်သည်။ 


ဝန်ကြီးဌာန၏အဆိုအရ၊ သုတေသန အင်စတီကျုများသည် ၂၀၁၉ ခုနှစ်တွင် အိန္ဒိယရှိနွားများသို့    ရောဂါကူးစက်ပြီး ကတည်းက     ကာကွယ်ဆေးကိုတီထွင် ရန်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ 


အရေပြားအဖုအကျိတ်ရောဂါသည် အချို့သော ယင်မျိုးစိတ်များ၊ ခြင် သို့မ ဟုတ် မှက်များကဲ့သို့ သွေးကျွေး အင်း ဆက်ပိုးမွှားများနှင့်   ညစ်ညမ်းသော အစားအစာ၊  ရေများမှတဆင့် ပျံ့နှံ့လာ သော ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး ကျွဲနွားများ အစာစားရခက်ခဲခြင်း၊ အရည်ကြည်ဖု များထွက်ခြင်း၊ ပြင်းထန်စွာဖျားနာခြင်း တို့ဖြစ်စေကြောင်း သိရသည်။ 

(Ref:XinhuaNet)






အခြားဆက်စပ်သတင်းများ