နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တွစ်တာနှင့် တရားရင်ဆိုင်ရန် ဒေါ်လာ ၇ ဘီလီယံနီးပါးရှိ ရှယ်ယာများကို အီလွန်မက်ခ် ရောင်းချ

နယူးယောက်၊  သြဂုတ်  ၁၂ 


တက်စလာ   လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ်    အီလွန်မက်ခ် သည် အမေရိကန် ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ တက်စလာကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချလိုက်ကြောင်း သိရသည်။ 


ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန် မက်ခ်သည် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ တက်စလာ၏ အစုရှယ်ယာများ ကို ဧပြီလတွင်ရောင်းချပြီးနောက် အဆို ပါ ကုမ္ပဏီ၏ရှယ်ယာများကို ထပ်မံရောင်း ချတော့မည် မဟုတ်ကြောင်းပြောကြား သည်။ 


သို့ရာတွင် ယင်းအနေဖြင့် တွစ်တာ နှင့် တရားရင်ဆိုင်ရာတွင် ရှုံးနိမ့်၍ပြစ် ဒဏ်အနေဖြင့် လျော်ကြေးပေးရန် အမိန့် ချမှတ်ခံရမည်ဆိုပါက တက်စလာ၏ ရှယ်ယာများကို ထပ်မံရောင်းချရမည်ဟု ဥပဒေကျွမ်းကျင်သူများက ဆိုသည်။ 


အီလွန်မက်ခ်သည် အမေရိကန်ဒေါ် လာ ၄၄ ဘီလီယံဖြင့်  တွစ်တာဆိုရှယ် မီဒီယာပလက်ဖောင်းကို ဝယ်ယူမည် ဆိုသည့် သဘောတူညီချက်ကို ဧပြီလက ဖျက်သိမ်းလိုက်သဖြင့် တွစ်တာ၏တရား စွဲမှုကိုခံနေရကာ    နှစ်ဖက်ရုံးချိန်းကို အောက်တိုဘာ ၁၇ ရက်တွင် ချိန်းဆိုထား ကြောင်း သိရသည်။ 


အီလွန်မက်ခ်သည် ယခုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၃၂ ဘီလီယံ တန် ကြေးရှိသည့် တက်စလာရှယ်ယာများကို ရောင်းချခဲ့ပြီး ဖြစ်သည်။                            

(Ref:CNA)






အခြားဆက်စပ်သတင်းများ