နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်သည့် Henipa ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်တွင် ကူးစက်နေ

ပေကျင်း၊  သြဂုတ်  ၁၂ 


တိရစ္ဆာန်များမှ လူသားများထံ ကူးစက်နိုင်သည့် Henipa ဗိုင်းရပ်စ်အသစ် တစ်မျိုးသည် တရုတ်နိုင်ငံ ရှန်တုန်းနှင့် ဟေနန်ပြည်နယ်များရှိ လူ ၃၅ ဦးကို ကူးစက် နေကြောင်း တရုတ်၊ စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့မှ သိပ္ပံပညာရှင်များ၏ ပူးပေါင်းသုတေသနစာတမ်းတစ်ခုတွင် ဖော်ပြသည်။ 


အဆိုပါ ဗိုင်းရပ်စ်အသစ်ကို ၂၀၁၈ ခုနှစ် နှောင်းပိုင်းကတည်းက ပထမဆုံးတွေ့ရှိ ခဲ့ကြသော်လည်း ယခုအချိန်ရောက်မှသာ သိပ္ပံပညာရှင်များက တရားဝင်ဖော်ထုတ် အသိပေးကြခြင်းဖြစ်ကြောင်း သိရသည်။ 


ယင်းဗိုင်းရပ်စ်သည် ယခင်က လူကိုကူးစက်ခဲ့သည့် အထောက်အထားလုံးဝမရှိဘဲ ယခုမှသာလျှင် လူကို ကူးစက်ခြင်းကြောင့် မျိုးဆက်အသစ်ဟုဆိုကြခြင်းဖြစ် သည်။ 


တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိပြီးနောက် အဖျားဝင်လာသူများကို ကြိုတင်စစ် ဆေးသိရှိသောစနစ်ကြောင့် ယခုကဲ့သို့ ရှာဖွေသိရှိခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ရှန်တုန်း ပြည်နယ်နှင့် ဟေနန်ပြည်နယ်များရှိ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅ ယောက်တွင် ၂၆ ယောက်သည် အဖျားတက်ခြင်း၊ စိတ်တိုခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အော့အန်ခြင်းစသည့် ရောဂါ လက္ခဏာများဖြစ်ပေါ်လာသည်ဟု သိရသည်။ လက်ရှိတွင် ယင်းဗိုင်းရပ်စ်နှင့် ပတ် သက်၍ ဆက်လက် စုံစမ်းလေ့လာနေကြဆဲဖြစ်သည်။

 (Ref:BBC)






အခြားဆက်စပ်သတင်းများ