နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်း-မလေးရှား ကုန်သွယ်မှု မြှင့်တင်မည်

ကွာလာလမ်ပူ၊  သြဂုတ်  ၁၂ 


ထိုင်း နှင့် မလေးရှား နှစ်နိုင်ငံကုန် သွယ်ရေးမြှင့်တင်ရန်အတွက်    နိုင်ငံ ခြားရေးဝန်ကြီး နှစ်ဦးသည် ဗန်ကောက် မြို့တွင် တွေ့ဆုံပြီးဖြစ်ကြောင်း သြဂုတ် ၁၁ ရက်တွင်  မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ 


ယင်းသို့ တွေ့ဆုံရာတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူ လာက လာမည့် ၂၀၂၅ ခုနှစ်တွင် ကုန် သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီ လီယံ ၃၀ ရည်မှန်းချက်ပြည့်မီရန် အိမ် နီးချင်းနှစ်နိုင်ငံအကြား သယ်ယူပို့ ဆောင် ရေး စီမံကိန်းများတွင် လက်တွေ့ကျသည့် တိုးတက်မှုများရရှိရန်လိုကြောင်း ပြော သည်။ 

ထို့ပြင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အစ္စ လာမ်မစ်ခွဲထွက်ရေး သူပုန်များအရေး နှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြု လုပ်ကြကြောင်း သိရသည်။ 


ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမူ အဆို ပါ ဒေသတွင် စီးပွားရေးဖွံ့ဖြိုးစေရန်လုပ်  ဆောင်ခြင်းဖြင့် စစ်မြေပြင်ကို စျေးကွက် အဖြစ် ပြောင်းလဲပေးနိုင်မည်ဟုယုံကြည် ကြောင်း ပြောကြားသည်။ 

(Ref:CNA)






အခြားဆက်စပ်သတင်းများ