နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး စစ်သင်္ဘောများ စေလွှတ်မည်ဟု အမေရိကန် ပြော

ဝါရှင်တန်၊  သြဂုတ်  ၁၂ 


အမေရိကန်    အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ၏ ခရီးစဉ်ကြောင့် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှု များမြင့်တက်နေစဉ်အတွင်း အမေရိကန် အစိုးရက  လာမည့်ရက်ပိုင်းများတွင် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး ဒေသ တွင်း စစ်သင်္ဘောများ စေလွှတ်ရန်ပြင် ဆင်နေကြောင်း သိရသည်။ 


အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းအနီး     ပင်လယ်ပြင်တွင် USS Ronald Reagan     လေယာဉ် တင်သင်္ဘောဦးဆောင်သည့် တိုက်ခိုက် ရေး စစ်ရေ ယာဉ်အုပ်စုကို စေလွှတ်ထား ပြီး USS America ကမ်းတက်ရေယာဉ် ဦးဆောင်သည့်  ပြည်ပတိုက်ခိုက်ရေး အုပ်စုကမူ ဂျပန်နိုင်ငံ ဆာဆေးဘိုးအနီး ရှိ ဆိပ်ကမ်းတွင် အသင့်စောင့်ဆိုင်းနေ ကြောင်း သိရသည်။ 


ယခုနှစ်တွင်     အမေရိကန်ပြည် ထောင်စုသည် တရုတ်ရေပြင်အနီးရန်စ ကျူးကျော်လိုသည့် စစ်ရေးလေ့ကျင့်မှု များကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသော် လည်း ယင်းလေ့ကျင့်မှုများသည် နိုင်ငံ ရေးနှင့်စစ်ရေးကို အရှိန်မြင့်တက်လာစေ နိုင်သည့်        စစ်ဆင်ရေးများမဟုတ် ကြောင်း အမေရိကန်ဘက်ကကြေညာ ထားသည်။ 


လက်ရှိ ထိုင်ဝမ်ကျွန်းတဝိုက် တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ကျည်စစ်ကျည်မှန် များနှင့် ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှု များကို တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။

 (Ref:Reuters)






အခြားဆက်စပ်သတင်းများ