နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေးအန္တရာယ်တုံ့ပြန်‌ရေး ကြိုတင်ပြင်ဆင်

ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားနေရပြီဖြစ်သည်။ ကမ္ဘာနှင့်အဝန်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံအနေ ဖြင့်လည်း ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကိုခံစား   ရလျက်ရှိသည်။

ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲ သဘာဝဘေး အန္တရာယ်များသည် ထိန်းချုပ်၍မရဘဲ အချိန်မရွေး၊ နေရာဒေသ မရွေး ဖြစ်ပေါ်နိုင်သည်။ လတ်တလော ပုံမှန်လမ်းကြောင်းမှ လာနေကျ မုတ်သုံလေနှင့် အရှေ့ဘက်က မမျှော်လင့်ဘဲ ဝင်ရောက် လာသည့် လေပွေလှိုင်းအရှိန်ကြောင့် မြန်မာပြည်အထက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ခြမ်းဒေသများတွင် မိုးသည်းသည်းမဲမဲ ရွာလျက် အချို့နေရာများတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှု များ ဖြစ်ပေါ်ခဲ့သော်လည်း သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအစီအမံများကြောင့် ချက်ချင်းတုံ့ပြန်ကယ်ဆယ် ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။

ရုတ်တရက် ရေကြီးရေလျှံမှုသည် ရေစီးကြောင်း၏အထက် ပိုင်း တစ်နေရာတွင် မိုးရေချိန်များစွာ ရွာသွန်းရာမှ နာရီပိုင်း အတွင်း ရေဖုံးလွှမ်းသွားတတ်သည်။ ယင်းကြောင့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ ပြင်းထန်သောရေစီးကြောင်းများ ဖြစ်ပေါ်ခြင်း၊ ရေစီးကြောင်းကိုဖြတ်သန်းရာမှ မျောပါခြင်းအန္တရာယ်များ ကြုံတွေ့ရတတ်သည်။

သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ပိုမိုထိရောက် အောင်မြင်စွာ စနစ်တကျဆောင်ရွက်နိုင်ရေး ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ယခင်အတွေ့အကြုံများအရ အားသာချက်၊ အားနည်းချက် များကို ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့များက ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းကြသည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင် ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ချေလျှော့ချခြင်း၊ ကြိုတင် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက် မည်ဖြစ်သည်။

ရုတ်တရက် ရေကြီးရေလျှံမှုအန္တရာယ်မှ တိမ်းရှောင်နိုင်ရန် အတွက် မိုးလေဝသ သတင်းများ မျက်ခြည်မပြတ် စောင့်ဆိုင်း သတိပြုစေရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ