နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်တွင် မိုးကြိုးမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၆၀၀ ကျော်ဖျက်သိမ်း

တက္ကဆက်၊  သြဂုတ်  ၁၃ 


အမေရိကန်နိုင်ငံ တက္ကဆက်ပြည် နယ်တွင် မိုးကြိုးမုန်တိုင်းများတိုက်ခတ် မှုကြောင့်  လေကြောင်းလိုင်းခရီးစဉ် ပေါင်း ၆၀၀ ကျော်ကို ယခုရက်ပိုင်းအ တွင်း ထပ်မံဖျက်သိမ်းထားကြောင်းသိ ရသည်။ 


ရာသီဥတုအနေအထားကြောင့် ယခင် ဖျက်သိမ်းထားသည့် လေ ကြောင်း လိုင်းများလည်းရှိရာ လက်ရှိတွင် အမေ ရိကန်နိုင်ငံတစ်ဝန်းရှိ လေကြောင်းခရီး စဉ် စုစုပေါင်း ၁,၂၁၃ ခုကို ဖျက်သိမ်း ထားရကြောင်း  လေကြောင်းခြေရာခံ ဝက်ဘ်ဆိုက်  Flightaware.com က ဖော်ပြထားသည်။ 


မိုးကြိုးမုန်တိုင်းများနှင့် တိမ်တိုက် များ ရောနှောနေခြင်းကြောင့် အဓိကကျ သော  လေယာဉ်ခရီးစဉ်များကို နှောင့် နှေးစေခြင်းဖြစ်ကာ အမေရိကန်ပြည် ထောင်စုသို့ ဆိုက်ရောက်မည့် လေယာဉ် များသာမက အမေရိကန်မှ ထွက်ခွာမည့် လေယာဉ်များပါ    ခရီးစဉ်  ၂,၀၀၀  ကျော် နှောင့်နှေးခဲ့သည်ဟု    ဖက်ဒရယ်လေ ကြောင်း   အုပ်ချုပ်ရေးအဖွဲ့ (FAA) က ပြောသည်။ 


American Airlines Group Inc (AAL.O) က ပြောကြားရာတွင် မထင် မှတ်ဘဲပြင်းထန်သွားသည့် မိုးကြိုးမုန် တိုင်းကြောင့် Dallas Fort Worth အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သြဂုတ် ၁၁ ရက် နှင့် ၁၂ ရက်များ၌ လေယာဉ် ခရီးစဉ်များစွာကို ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။ 


ပြီးခဲ့သည့် ဇွန်လကလည်း အမေရိကန် လေကြောင်းလိုင်း အများအပြားသည် ဆိုးရွားသော ရာသီဥတုအခြေအနေ နှင့် လုပ်သားရှားပါးမှုကြောင့် လေယာဉ်ခရီး စဉ် ထောင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ ရသည်။                       (Ref:Reuters)






အခြားဆက်စပ်သတင်းများ