နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် တစ်နိုင်ငံလုံး နှာခေါင်းစည်း မ​ဖြစ်မနေ ပြန်တပ်ရန် ညွှန်ကြား

နယူးဒေလီ၊  သြဂုတ်  ၁၃ 


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် နိုင်ငံတစ်ဝန်းမြင့်တက်လာသည့် ကိုဗစ် ကူးစက်မှုများကြောင့် အများပြည်သူ နှာခေါင်းစည်း Mask မဖြစ်မနေ ပြန်လည်တပ် ဆင်ရေး ညွှန်ကြားချက်ကို သြဂုတ် ၁၂ ရက်ကစ၍ ထုတ်ပြန်လိုက်သည်။ 


ညွှန်ကြားထားသည့်အတိုင်း နှာခေါင်းစည်းမတပ်သူများကို ရူပီး ၅၀၀ ဒဏ်ငွေ ချမှတ်မည်ဖြစ်ပြီး    နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှု ၁၆၀၀၀ ကျော် ပြန်လည်တွေ့ ရှိလာခြင်းကြောင့်  ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


ကူးစက်မှုသောင်းချီရှိသည့်အနက် ကူးစက်မှုပေါင်း ၂၁၅၀ သည် နယူးဒေလီတွင် တွေ့ရှိသည့် ကူးစက်မှုများဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက နယူးဒေလီမြို့တော်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ရှစ်ဦးရှိခဲ့ကာ ခြောက်လတာကာလအတွင်း အမြင့်ဆုံး လူသေနှုန်းလည်းဖြစ်ကြောင်း သိရသည်။ 


အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များကမူ ကူးစက်မှုများသည် မပြင်းထန်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်မှုလွန်ကဲရန် မလိုကြောင်းပြော ကြားထားသည်။                                                                (Ref:Bloomberg)






အခြားဆက်စပ်သတင်းများ