နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်တွင် မြေဟက်တာ ၆၀၀၀ ကျော် တောမီးလောင် ပျက်စီး

ပဲရစ်၊  သြဂုတ်  ၁၃ 


ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း တွင် တောမီးလောင်ကျွမ်းမှုကြောင့် မြေ ဟက်တာ ၆၀၀၀ ကျော် ပျက်စီးဆုံးရှုံး ထားကြောင်းသိရသည်။ 


မီးသတ်သမားများသည် မီးကိုကြိုး စားငြှိမ်းသတ်နေရပြီး ပူပြင်းသည့် နွေ ရာသီကို ဖြတ်သန်းနေစဉ် လောင်ကျွမ်း သော ယခုတောမီးကြောင့် ဂျီရွန်ဒီဒေသ နှင့် အိမ်နီးချင်း လန့်စ်ဒေသများတွင် မြေ ဟက်တာ ၆၂၀၀ ကျော် မီးလောင်သွားပြီ ဖြစ်ကြောင်း သိရသည်။ 


ထို့ပြင်    လူပေါင်းတစ်သောင်းခန့် ဘေးလွတ်ရာသို့တိမ်းရှောင်နေရပြီး  နေ အိမ် ၁၇ လုံးလည်း မီးလောင်ပျက်စီးသွား ကြောင်း၊  တောမီးများ  ပျံ့နှံ့လာခြင်း ကြောင့် ဘော်ဒိုးမြို့အနီးရှိ  အဓိကအဝေး ပြေးလမ်းမကြီးကိုလည်း   ပိတ်ထားရ ကြောင်း သိရသည်။   ပြင်သစ်ပြည်ထဲရေး ဝန်ကြီးကမူ    တောမီးငြှိမ်းသတ်နိုင်ရန်  အဆိုပါနေရာသို့ မီးသတ်သမားများထပ်မံ စေလွှတ်ထားကြောင်း၊    လက်ရှိတွင် မီးသတ်သမား ၁၀၀၀ ကျော်၊  လေယာဉ် ကိုးစင်း၊  ရဟတ်ယာဉ်နှစ်စင်းနှင့် မီးငြှိမ်း သတ်နေကြောင်း ဆိုသည်။ 


ဂျီရွန်ဒီ ဒေသသည် ပြီးခဲ့သည့်လက တည်းက တောမီးများ အကြီးအကျယ် လောင်ကျွမ်းခဲ့ခြင်းကြောင့် ဒေသခံများ နှင့် ခရီးသွားဧည့်သည်များ အပါအဝင် လူပေါင်း  ၃၉,၀၀၀ ကျော်ကို ဘေးလွတ် ရာ ရွှေ့ပြောင်းထားရကြောင်း သိရသည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ