နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိဗက်ဒေသရှိ ပိုတေလာ နန်းတော်ကို လော့ခ်ဒေါင်းချထား

လာဆာ၊  သြဂုတ်  ၁၃ 


ကိုဗစ်ကူးစက်မှုအချို့ တွေ့ရှိပြီးနောက် တိဗက်ဒေသရှိ ပိုတေလာ နန်းတော်ကို တရုတ်အာဏာပိုင်များက လော့ခ်ဒေါင်းချလိုက်ကြောင်းသိရသည်။ 


တရုတ်နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှု ၈၀၀ ကျော်တွေ့ခဲ့ရာ ၂၂ ခုသည် တိဗက် ဒေသကဖြစ်ခြင်းကြောင့် အာဏာပိုင်များက တိဗက်၏ ပိုတေလာ နန်းတော်ကို လော့ခ်ဒေါင်းချလိုက်ခြင်းဖြစ်သည်။ 


ပိုတေလာနန်းတော်၏ လူမှုကွန်ရက်တွင် တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောင်များ ၏အစဉ်အလာ စံနန်းတော်ဖြစ်သည့် ပိုတေလာနန်းတော်ကို နောက်ထပ် ကြေညာ ချက်မထုတ်မီအထိ  ပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။ 


တိဗက်ဒေသသည် ခရီးသွားလုပ်ငန်းအပေါ် အဓိကအားထားနေရပြီး ပိုတေ လာနန်းတော်သည် ခရီးသွားဝင်ငွေအဓိကရသောနေရာဖြစ်ကာ တရုတ်အစိုးရ ကမူ ယခုကဲ့သို့ ကိုဗစ်လုံး၀ကင်းစင်ရေးမူဝါဒကိုကျင့်သုံးရာတွင် ကြီးမားအောင်မြင် မှုများရခဲ့ကြောင်းပြောသည်။ 


သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကျွမ်းကျင်သူများကမူ ယခုကဲ့သို့ တင်းကြပ် ပြင်းထန်သည့် လုပ်ဆောင်ချက်များသည် စီးပွားရေးနှင့် လူအဖွဲ့အစည်း အပေါ်သက်ရောက်မှုကြီးမားကြောင်း ဝေဖန်လျက်ရှိသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ