နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် အသားတင်သွင်းမှုကို တရုတ် ရပ်ဆိုင်း

ပေကျင်း၊  သြဂုတ်  ၁၃ 


နိုင်ငံတွင်းသို့ တင်ပို့သည့် အမဲသား များတွင်  တားမြစ်ထားသော ဓာတု ပစ္စည်းတွေ့ရှိပြီးနောက်    အမေရိကန် ကုမ္ပဏီတစ်ခုမှ အသားတင်သွင်းမှု အားလုံးကို      တရုတ်ကရပ်ဆိုင်းလိုက် ကြောင်း တရုတ် အကောက်ခွန်အာဏာ ပိုင်များက သြဂုတ် ၁၂ ရက်တွင် ပြော သည်။ 


တိရစ္ဆာန်ဖြည့်စွက်အစာများတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်း တစ်မျိုးဖြစ်သော Ractopamine ကို အမေရိကန်ကုမ္ပဏီ King Meat Service မှ တင်ပို့သည့် အသားများတွင်တွေ့ရှိ ခြင်းဖြစ်ကြောင်း တရုတ်အကောက်ခွန် အထွေထွေ       အာဏာပိုင်အဖွဲ့ကဆို သည်။ 


တရုတ်နိုင်ငံသည် ယင်းကုမ္ပဏီမှ အသားထုတ်ကုန်များ တင်ပို့မှုကိုရပ် ဆိုင်းလိုက်ပြီး အခြားသော ကုမ္ပဏီများမှ အသားတင်ပို့မှုများကိုလည်း စနစ်တကျ စစ်ဆေးပြီး     အဆင်ပြေခြင်းမရှိပါက တင်ပို့မှုများကို  ဆက်လက် လက်ခံမည် မဟုတ်ကြောင်း သိရသည်။ 


ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ် နိုင်ငံ အကောက်ခွန်အာဏာပိုင်အဖွဲ့က အမေရိကန်         စိုက်ပျိုးရေးဌာနသို့ အကြောင်းကြားထားပြီး   ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။                   (Ref:AFP)






အခြားဆက်စပ်သတင်းများ