မောင်တော ဇွန် ၁၀
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ မြန်မာနိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက်သူဦးရေ မြင့်တက်လာနိုင်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့က အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် မေ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ယာယီခိုလှုံရေးစခန်းတစ်ခုတွင် နေထိုင်လျက်ရှိ သော အသက် ၃၁ နှစ်အရွယ် ဘင်္ဂါလီအမျိုးသားတစ်ဦးသည် မိသားစုဝင်လေးဦးနှင့်အတူ နယ်စပ်ကို တရား မဝင်ဖြတ်ကျော်ကာ မောင်တောမြို့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ယင်းတို့အား သီးသန့်ခွဲထားကာ စစ်ဆေးမှုများပြုလုပ်ရာတွင် ယင်းအမျိုးသားထံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ကြောင်း တွေ့ရှိခဲ့သည်။
အဆိုပါ အမျိုးသားသည် ရခိုင်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အတည်ပြုနိုင် သူ သုံးဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ မြန်မာနယ်စပ်နှင့် နီးစပ်သောနေရာများတွင် တည်ဆောက် ထားသော ယာယီခိုလှုံရေးစခန်းများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများဖြစ်ပွားနေသည်ဆိုသော သတင်း များထွက်ပေါ်လာသည့်နောက်တွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်းသို့ မေ ၃၀ ရက်အထိ တရားမဝင် ဝင်ရောက်လာသူ ၁၇ ဦးအထိရှိခဲ့ကြောင်း အတည်ပြုထားသည်။
(မိုးခါး)