နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်၊  ဩဂုတ်  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ဩဂုတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။


သြဂုတ် ၁၁ ရက်က  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း ရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကား၀င်းအတွင်းရှိ စစ်ကိုင်းလမ်းတွင် လမ်းလျှောက်လာသူ ဇင်မင်းထွန်းအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိသည်။


ထို့ကြောင့် ဇင်မင်းထွန်း  (၃၄) နှစ်ကို မင်္ဂလာဒုံမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ  အမှုဖွင့်အရေးယူထားရှိပြီး၊  ကွင်းဆက်တရားခံများကို ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

အောင်ကျော်ဦး






အခြားဆက်စပ်သတင်းများ