နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျက်တိုက်လေယာဉ်များရရှိရန် ဦးစားပေးဆောင်ရွက်မည်ဟု ယူကရိန်း ပြော

ကီယက်ဗ်၊  သြဂုတ်  ၁၄


ဂျက်တိုက်လေယာဉ်များ    ရရှိရေး သည် တိုင်းပြည်၏ ဦးစားပေးလုပ်ငန်း စဉ်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်စလီ ရက်ဇ်နီကော့ဗ် က သြဂုတ် ၁၃ ရက် တွင်ပြောသည်။


ယူကရိန်းသည် အနောက်အုပ်စုထံမှ စစ်ရေးအကူအညီများ    ပိုမိုရရှိရန်အား ထုတ်နေပြီး  ဒိန်းမတ်နိုင်ငံတွင်ပြုလုပ် သည့်    ယူကရိန်း ထောက်ပံ့ရေး နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်သို့လည်း တက် ရောက်လျက်ရှိကာ ဒိန်းမတ်သည် ယူ ကရိန်းကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ကူညီသွားရန် စီစဉ်ထားကြောင်း သိရသည်။


ယူကရိန်းသည် တိုက်လေယာဉ်များ နှင့် မိုင်းရှင်းလင်းရေး ကိရိယာများလိုအပ်​ နေသည့်အတွက်  ၎င်းကို ကာလရှည် ထောက်ပံ့နိုင်ရန်   ငွေကြေးပံ့ပိုးရေး၊ စစ် လက်နက်ထုတ်လုပ်ရေး၊ လေ့ကျင့်ရေး နှင့် မိုင်းရှင်းလင်းရေးစသည့်ကိစ္စရပ်များ ကို အနောက်နိုင်ငံများနှင့် ဒိန်းမတ်နိုင်ငံ တို့က     ဆွေးနွေးလျက်ရှိကြောင်းသိရ သည်။


ထို့ပြင် ဒိန်းမတ်သည် ယူကရိန်းစစ် သားများကို လေ့ကျင့်ပေးရန်အတွက် ဗြိတိန်သို့ ဒိန်းမတ်စစ်သား ၁၃၀ ဦး စေ လွှတ်မည်​ဖြစ်ကြောင်း    ပြောကြားထား သည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ