နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ့စိတ်ခံစားမှုကို သိရှိနိုင်သည့် CyberOne လူတူစက်ရုပ်အသစ် ထုတ်လုပ်

ပေကျင်း၊  သြဂုတ်  ၁၄


လူတို့၏ စိတ်ခံစားမှုကိုပါ သိရှိနိုင် သည့် CyberOne အမည်ရှိ လူတူစက်ရုပ် သစ် ကို တရုတ်နိုင်ငံရှိ Xiaomi ကုမ္ပဏီက ပထမဆုံး      ဖန်တီးထုတ်လုပ်လိုက် ကြောင်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် လိုင်ဂျွန်းက ပြောသည်။


အဆိုပါစက်ရုပ်သည် လူကဲ့သို့ခြေနှစ် ချောင်းနှင့် လမ်းလျှောက်သွားလာနိုင်ပြီး ခုန်ပျံကျော်လွှားနိုင်သည့်အပြင် အာရုံခံ ကိရိယာများနှင့် ရုပ်မြင်ကင်မရာများက တစ်ဆင့် လူသားများ၏ မျက်နှာကိုကြည့် ပြီး တစ်ဖက်လူ၏ စိတ်ခံစားမှုကိုလည်း ခန့်မှန်းသိရှိနိုင်ကြောင်း သိရသည်။ 


စက်ရုပ်၏ အတွင်းအာရုံသည် ပြင်ပ လောကကို 3D နှင့် ပုံဖော်ပြီး ပတ်ဝန်း ကျင်ကို  လေ့လာဆန်းစစ်ခြင်းဖြစ်ကာ CyberOne စက်ရုပ်၏ AI နည်းပညာ၊ 5G စက်ပိုင်းဆိုင်ရာများ အပါအဝင် အား လုံးကို Xiaomi စက်ရုပ် သုတေသနဓာတ် ခွဲခန်းတွင်သာ ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်သည်။ 


ထို့ပြင် Software, Hardware များနှင့် Algorithm ဆန်းသစ်တီထွင်မှုများ အပါ အဝင် အားလုံးအတွက် သုတေသနလုပ် ရာတွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး စက်ရုပ်ကို အများပြည်သူ ထံရောင်းချရန်   အဆင်သင့်ဖြစ်ပါက မကြာမီစျေးကွက်သို့   ရောက်ရှိလာမည် ဖြစ်ကြောင်း     အမှုဆောင်အရာရှိချုပ် လိုင်ဂျွန်းက ဆိုသည်။        (Ref:Yahoo)






အခြားဆက်စပ်သတင်းများ