နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျောက်ကျောက်ရောဂါကြောင့် မျောက်များကို သတ်ဖြတ်နေသည့် ဘရာဇီးလ်ကို WHO ရှုတ်ချ

ဂျီနီဗာ၊  ဩဂုတ်  ၁၄


ဘရာဇီးလ်တွင် မျောက်ကျောက်ဗိုင်းရပ်စ်ကို စိုးရိမ်ပြီး မျောက်များကိုတိုက်ခိုက် သတ်ဖြတ်နေသည့်အတွက် ယင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)  က  သြဂုတ် ၁၃ ရက်တွင် ကြေညာလိုက်သည်။ 


ဘရာဇီးလ်တွင် မကြာသေးမီက မျောက်ကျောက်ဗိုင်းရပ်စ် ပျံ့နှံ့မှုရပ်တန်ရန်ရည် ရွယ်ကာ မျောက်များကို သတ်ဖြတ်နေပြီး ဆော်ပိုလိုပြည်နယ်တွင် တစ်ပတ်အတွင်း မျောက် ၁၀ ကောင်ကို အဆိပ်ခတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရ သည်။


ယင်းသို့ မျောက်များကို သတ်ဖြတ်ခြင်းအပေါ်  ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေပြီး ထိုသို့ တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ထိုဒေသတွင် မျောက် ကျောက်ရောဂါဖြစ်ပွားမှုသုံးခုကြောင့် ပေါ်ပေါက်လာသည့် စိုးရိမ်မှုများနှင့်ပတ်သက် သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။


မျောက်ကျောက်ဗိုင်းရပ်စ်သည် လူအချင်းချင်းသာ ကူးစက်နိုင်ပြီး တိရစ္ဆာန်များ မှ ကူးစက်ခြင်းမရှိကြောင်း၊ မျောက်ကျောက်ရောဂါဟု အမည်ပေးထားခြင် သည် ထိုဗိုင်းရပ်စ်ကို     ဒိန်းမတ်ရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့ခြင်းကြောင့်သာ ဖြစ် ကြောင်း WHO က ဆိုသည်။ 


မျောက်များကို အဆိပ်ခတ်ခြင်း၊ ခဲနှင့်ပစ်ပေါက်ခြင်းများကို ဘရာဇီးလ်ရှိအခြား မြို့များတွင်လည်း တွေ့ကြုံနေရပြီး WHO သည် ယင်းဗိုင်းရပ်စ်၏ အမည်ကိုပြောင်း လဲရန်ကြိုးစားနေကြောင်း သိရသည်။                                          (Ref:Yahoo)






အခြားဆက်စပ်သတင်းများ