နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်ဓာတ်ငွေ့ဈေးနှုန်း ငါးလအတွင်း ပထမဆုံးအကြိမ် ကျဆင်း

ဝါရှင်တန်၊  သြဂုတ်  ၁၄


အမေရိကန်ဓာတ်ငွေ့ဈေးနှုန်းသည် ငါးလအတွင်း  ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်ကို ၄ ဒေါ်လာအောက်သို့လျော့ ကျလာကြောင်း သိရသည်။ 


တစ်နိုင်ငံလုံးဆိုင်ရာ ပျှမ်းမျှဈေး နှုန်းသည် တစ်ဂါလန်ကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၉ ဒေါ်လာဖြစ်ပြီး ယခုဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တ ပတ်ထက် ၁၅ ဆင့် လျော့ကျကာ ယခင် ဇူလိုင်လ နှင့်ယှဉ်ပါက ၆၈ ဆင့် လျော့ ကျသွားခြင်းဖြစ်ကြောင်း အမေရိကန် မော်တော်ယာဉ်အသင်း AAA က ပြော သည်။ 


ပြီးခဲ့သည့် ဇွန်လတွင် ဓာတ်ဆီဈေး နှုန်းသည် တစ်ဂါလန်ကို ငါးဒေါ်လာကျော် အထိ မြင့်တက်ခဲ့ပြီး ကယ်လီဖိုးနီးယား နှင့် ဟာဝိုင်အီရှိ မော်တော်ယာဉ်မောင်း များကမူ  ယခုချိန်ထိ တစ်ဂါလန်ကို ငါး ဒေါ်လာအထက် ပေးနေရဆဲဖြစ်ကြောင်း ဆိုသည်။ 


ဓာတ်ငွေ့ဈေးနှုန်း အသက်သာဆုံး နေရာသည် တက္ကဆက်ပြည်နယ်နှင့် နိုင်ငံ ၏ တောင်ပိုင်းရှိ  ပြည်နယ်အချို့ဖြစ်ပြီး ရေနံစိမ်းဈေးနှုန်း တစ်စည်ကို ဒေါ်လာ ၁၂၀ ရှိနေရာမှ  ဒေါ်လာ ၉၀ အထိ ကျ ဆင် လာကာ ဓာတ်ငွေ့ဈေးများလည်း လျော့ကျလာခြင်းဖြစ်သည်။

(Ref:Bloomberg)






အခြားဆက်စပ်သတင်းများ