နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယား နျူလက်နက်ဖျက်သိမ်းရေး ထောက်ခံမည်ဟု ကုလအကြီးအကဲ ကတိပြု

ဆိုးလ်၊  ဩဂုတ်  ၁၄


မြောက်ကိုရီးယားရှိ နျူကလီယား လက်နက်များ အပြီးတိုင်ဖျက်သိမ်းရေး အတွက် တောင်ကိုရီးယား၏ကြိုးပမ်းနေ မှုများကို အပြည့်အဝထောက်ခံမည်ဖြစ် ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်      အန်တိုနီယို ဂူတာရက်စ်က သြဂုတ် ၁၃ ရက်က ဆိုးလ်မြို့တွင် တောင် ကိုရီးယား ခေါင်းဆောင်များနှင့်တွေ့ဆုံ စဉ်ပြောကြားလိုက်သည်။


တောင်ကိုရီးယား သမ္မတ ယွန်းဆက် ယိုလ် က မြောက်ကိုရီးယားအပေါ် သံ တမန်ရေးအရ ကြိုးပမ်းမှုများကိုဦးစွာ လုပ်ဆောင်မည်ဖြစ်သော်လည်း ၎င်း၏ နျူလက်နက်များ      အသုံးပြုခြင်းကိုဟန့် တားရန် ခိုင်မာသော စစ်ရေးဆိုင်ရာအစီ အမံများကို    ဆောင်ရွက်ထားမည်ဖြစ် ကြောင်း ကတိပြုပြောကြားသည်။


မြောက်ကိုရီးယားသည်    ယခုနှစ် အတွင်း ဒုံးကျည်အများအပြားကိုစံချိန် တင် စမ်းသပ်ပစ်လွှတ်ထားပြီး ယင်းသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ ရပ်တန့်ထား သည့်     နျူလက်နက်စမ်းသပ်မှုများကို ပြန်လည်စတင်ရန် ပြင်ဆင်နေပုံရသည် ဟု အမေရိကန်နှင့် တောင် ကိုရီးယားက ဆိုသည်။


အမေရိကန် နှင့် တောင်ကိုရီးယား သည်    သံတမန်ရေးအရလမ်းဖွင့်ထား သည် ဟုဆိုသော်လည်း     မြောက်ကိုရီးယား အပေါ် ပိတ်ဆို့အရေးယူမှုများနှင့် စစ်ရေး လေ့ကျင့်မှုများပြုလုပ်ကာ ၎င်းတို့၏ ရန် လိုသောမူဝါဒများကို ဆက်လက်ထိန်း သိမ်းထားသည်ဟု မြောက်ကိုရီးယား ဘက်က တုံ့ပြန်စွပ်စွဲထားသည်။         

(Ref:Reuters)






အခြားဆက်စပ်သတင်းများ