နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံရေး ပူးပေါင်းဆောင်ရွက်

ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်၏ မျိုးရိုးဗီဇ ပြောင်း ရောဂါပိုးများဖြစ်သည့် BA.4 နှင့် BA.5 စသည့် ရောဂါ များ ကူးစက်ဖြစ်ပွားမှု မြင့်တက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၌ လည်း စစ်ဆေးတွေ့ရှိနေပြီဖြစ်သည်။ ပြည်ပနိုင်ငံများမှ ပြန်လည်  ဝင်ရောက်လာသူများ၊ အထူးသဖြင့် နယ်စပ်ဝင်ထွက်ဂိတ်များ တွင် ရောဂါကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားသည့်           လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း   တိတိကျကျလိုက်နာ ဆောင်ရွက်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၄ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ ခြောက်လပြည့်ပြီးသူများတွင် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်း၊ အဆိုပါ (Booster Dose) ထိုးနှံပြီး ကာလ ခြောက်လပြည့်ပြီးသူများတွင် ထပ်မံ၍ အပိုထပ်ဆောင်း ကာကွယ်ဆေး (Additional Booster Dose) ထိုးနှံခြင်းလုပ်ငန်း များအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို စနစ်တကျ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေး ထည့်သွင်းမှာကြားခဲ့သည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူ များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက် ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ် ၍ တပ်မတော်ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာဝန်ထမ်းများ က ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။


ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက်ခံယူကြရန် တိုက်တွန်းနှိုးဆော်ရ ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ