နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန် နှင့် ရုရှား အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်

တီဟီရန်၊  သြဂုတ်  ၁၁ 


အီရန်ဂြိုလ်တု  သယ်ဆောင်ထား သည့် ရုရှားဒုံးကျည်ကို သြဂုတ် ၁၀ ရက် တွင် ကာဇက်စတန်တောင်ပိုင်းရှိ ရုရှား အာကာသစခန်းမှတစ်ဆင့် လွှတ်တင် လိုက်ပြီဖြစ်သည်။ 


ယင်းသို့  လွှတ်တင်ခြင်းသည် အ နောက်နိုင်ငံများ  စိုးရိမ်နေသည့်ကြား မှ အီရန်နှင့် ရုရှား၏ အာကာသပူးပေါင်း ဆောင်ရွက်မှုဖြစ်ပြီး ယူကရိန်းရှိစစ်ဘက် ဆိုင်ရာပစ်မှတ်များကို  ထောက်လှမ်းနိုင် ရေးအတွက် အီရန်ဂြိုလ်တုကို အောင်မြင် စွာ လွှတ်တင်ပြလိုက်ခြင်းဖြစ်သည်။ 


Khayyam ဟုခေါ်သည့် ဂြိုဟ်တုကို ရုရှားက လွှတ်တင်ပြလိုက်ခြင်းကြောင့် ရုရှားနှင့် အီရန်ကြား အာကာသပူးပေါင်း ဆောင်ရွက်မှုအပေါ် အမေရိကန်တာဝန် ရှိသူများက  စိုးရိမ်ပူပန်နေပြီး အဆိုပါ ဂြိုဟ်တုသည် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို  ကူညီနိုင်ရုံသာမကဘဲ အီရန် အတွက် အစ္စရေးနှင့် အရှေ့အလယ်ပိုင်း အလားအလာရှိသည့် စစ်ရေးပစ်မှတ်များ ကိုပါ စောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 


ထို့ပြင် အဆိုပါ ဂြိုလ်တုတွင်အသုံးပြု ထားသည့် လျို့ဝှက်ကုဒ် အယ်လ်ဂိုရီသမ် ကြောင့်  ဂြိုလ်တုကပေးပို့သည့် အချက် အလက်များကို အခြားသောနိုင်ငံများ အနေဖြင့်    ရယူနိုင်မည်မဟုတ်ကြောင်း သိရသည်။ 


အဆိုပါ ဂြိုလ်တုကို စိုက်ပျိုးရေးဆိုင် ရာ    ရည်ရွယ်ချက်များအတွက် ဓာတ် ရောင်ခြည်နှင့် ပတ်ဝန်းကျင်စောင့်ကြည့် ခြင်းအပါအဝင်  သိပ္ပံနည်းကျသုတေသန အတွက်     ဒီဇိုင်းထုတ်ထားခြင်းဖြစ် ကြောင်း အီရန်ကဆိုသည်။ 

(Ref:Reuters)






အခြားဆက်စပ်သတင်းများ