နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရိုင်းမီးယားကျွန်းဆွယ် လေတပ်စခန်းတွင် ခဲယမ်းမီးကျောက်များပေါက်ကွဲ၊ လူ ၁ ဦးသေဆုံး

ခရိုင်းမီးယား၊  သြဂုတ်  ၁၁ 


ရုရှားထိန်းချုပ်ထားသည့် ခရိုင်း မီးယား ကျွန်းဆွယ်ပေါ်ရှိ ဆာကီဒေသ တွင်   စစ်ဘက်လေတပ်စခန်းတစ်ခုမှ လေကြောင်းသုံး ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံး သွားကြောင်း ခရိုင်းမီးယားအုပ်ချုပ်မှုအ ကြီးအကဲက သြဂုတ် ၁၀ ရက်တွင် ပြော သည်။ 


ယင်းဖြစ်စဉ်အတွက်   လူနာတင် ယာဉ်အလုံအလောက်ပေးခဲ့ရပြီး အစား အသောက် ပေးဝေမှုများပြုလုပ်နေကာ အခြေအနေကို ထိန်းနိုင်နေပြီ ဖြစ်ကြောင်း နှင့်   လက်ရှိတွင်   ပေါက်ကွဲသည့်နေရာရှိ ပျက်စီးဆုံးရှုံးမှုပမာဏကို အကဲဖြတ်နေ ကြောင်း အဆိုပါ အကြီးအကဲကပြော သည်။ 


ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကမူ ပေါက်ကွဲမှုသည် လေကြောင်းခဲယမ်းမီး ကျောက်များ ပေါက်ကွဲမှုကြောင့်ဖြစ်ပြီး မည်သည့်တိုက်ခိုက်မှုကြောင့်မှ မဟုတ် ကြောင်း ပြောကြားထားသည်။ 


ပေါက်ကွဲမှုဖြစ်စဉ်တွင် စစ်ဘက်ဆိုင် ရာကိရိယာများ   ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်းနှင့် သေဆုံးသူ မည်သူမည်ဝါဖြစ် သည်ကို    ဆက်လက်စုံစမ်းမည်ဖြစ် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီ ဌာန က ပြောသည်။                (Ref:Reuters)






အခြားဆက်စပ်သတင်းများ