နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်တွင် ရေပေးဝေမှုစနစ် ကန့်သတ်ချက်များ ရှိလာနိုင်

လန်ဒန်၊  ဩဂုတ်  ၁၁ 


ယခုတစ်ပတ်အတွင်း ဗြိတိန်သို့ အပူ လှိုင်းထပ်မံဝင်ရောက်နိုင်သဖြင့် အပူချိန် လွန်ကဲကာ နိုင်ငံရှိရေပေးဝေမှုစနစ်တွင် ကန့်သတ်ချက်များ    ရှိလာနိုင်ကြောင်း မိုးလေဝသအေဂျင်စီက သြဂုတ် ၁၀ ရက် တွင် သတိပေးချက်ထုတ်ပြန်သည်။ 


မိုးလေဝသဌာန၏ ထုတ်ပြန်ချက် အရ အင်္ဂလန်တောင်ပိုင်းရှိ  နေရာများနှင့် ဝေးလ်စ်အရှေ့ပိုင်းဒေသများတွင် သြဂုတ် ၁၄ ရက်အထိ အပူချိန်မြင့်တက်လာနိုင်ပြီး ထိုအပူဒဏ်ကြောင့် ကျန်းမာရေး၊ သယ် ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက် အဦများအတွက် ထိခိုက်မှုများရှိလာနိုင် ကြောင်း ခန့်မှန်းထားသည်။ 


အပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ် အထိ ရက်အတော်ကြာမြင့်တက်နိုင်ပြီး လူ့အသုံးအ‌ဆောင်ပစ္စည်းများမှ ထုတ် လွှတ်သော ကာဗွန်ဓာတ်ငွေ့များကြောင့်  ကမ္ဘာကြီးကိုပိုမိုပူနွေးစေကာ အပူလှိုင်း များနှင့်   မိုးခေါင်ခြင်းများအပါအဝင် အခြားပြင်းထန်သော ရာသီဥတုဖောက် ပြန်မှုများဖြစ်ပေါ်စေကြောင်း မိုးလေဝသ ပညာရှင်များက ဆိုသည်။ 


ဗြိတိန်တွင် အပူချိန်လွန်ကဲမှုကြောင့် လန်ဒန်မြို့    ဆင်ခြေဖုံးရပ်ကွက်များ၌ တောမီးများ   လောင်ကျွမ်းလျက်ရှိပြီး လက်ရှိတွင် မိုးခေါင်ရေရှားမှုပိုမိုဆိုးရွား လာကာ နိုင်ငံတစ်ဝန်း တောမီးလောင် ကျွမ်းမှုများ        ပိုမိုအရှိန်ပြင်းလာခြင်း ကြောင့်  ရေများကို အကန့်အသတ်ဖြင့် ပေးဝေရန် စီစဉ်ဖွယ်ရှိကြောင်းသိရသည်။ 

(Ref:AFP)






အခြားဆက်စပ်သတင်းများ