နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဒီးယားတွင် ပထမဆုံး မျောက်ကျောက်လူနာ ပြည်ဝင်ခွင့် သုံးနှစ်ပိတ်ပင်

ဖနွမ်းပင်၊  သြဂုတ်  ၁၁


ကမ္ဘောဒီးယားတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကောင်းမွန်လာ သည့် အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားအမျိုးသားတစ်ဦးကို ပြည်ဝင်ခွင့် သုံးနှစ် ပိတ်ပင်လိုက်ကြောင်းသိရသည်။ 


အဆိုပါအမျိုးသားသည် ဇန်နဝါရီလကတည်းက ပညာရေးဗီဇာသက်တမ်းကုန် ဆုံးနေသူဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးလာသူ ဖြစ်ကြောင်း၊ ယင်းထံတွင် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး ပြန်လည်ကောင်း မွန်လာခြင်းကြောင့် မကြာမီ နိုင်ဂျီးရီးယားသို့ ပြန်ပို့ရန်စီစဉ်နေကြောင်းသိရသည်။ 


သို့ရာတွင် ယင်းကို ကမ္ဘောဒီးယားသို့ သုံးနှစ်ဝင်ရောက်ခွင့်မပြုဟု လူဝင်မှုကြီး ကြပ်ရေးအရာရှိများက အမိန့်ထုတ်လိုက်ပြီး ကမ္ဘောဒီးယားအရာရှိများ၏ပြော ကြားချက်အရ ၎င်းသည်နိုင်ငံ၏ ပထမဆုံးမျောက်ကျောက်ရောဂါပိုးရှိတစ်ဦးဖြစ် ကာ ထိုင်းမှတစ်ဆင့် ကမ္ဘောဒီးယားနယ်စပ်သို့ကူးလာသူဖြစ်ကြောင်း ဆိုသည်။ 


လက်ရှိတွင်ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၈ နိုင်ငံ၌ မျောက်ကျောက်ရောဂါကူး စက်ခံရသူ ၂၈,၂၂၀ ဦးထက်မနည်းရှိပြီး၊ ၎င်းတို့အနက် ၈၁ ဦးသည် ယခင်က မျောက် ကျောက်ရောဂါဖြစ်ပွားမှုသမိုင်းကြောင်းမရှိခဲ့ကြောင်း WHO က ထုတ်ပြန်သည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ