နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ဒေါ်လာ ၁၅၀ အောက် တရုတ်ဖုန်းများ ရောင်းချမှု ပိတ်ပင်မည်

နယူးဒေလီ၊  သြဂုတ်  ၁၁ 


ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ အခွင့်အလမ်းများကို    တိုးမြှင့်နိုင်ရန် အိန္ဒိယတွင် ဒေါ်လာ ၁၅၀ (ရူပီး ၁၂,၀၀၀) အောက်တန်ဖိုးရှိ     တရုတ်မိုဘိုင်းဖုန်း ဈေးကွက်ကို ထိန်းချုပ်ပိတ်ပင်မည်ဖြစ် ကြောင်းသိရသည်။ 


အဆိုပါ ပြောင်းလဲမှုသည် Xiaomi နှင့် Realme ကဲ့သို့သော တရုတ်စီးပွား ရေးလုပ်ငန်းများကိုဆိုးရွားစွာ ထိခိုက်စေ မည်ဖြစ်ပြီး အိန္ဒိယတွင် တရုတ်ထုတ် Realme နှင့် Transsion ကဲ့သို့သော မိုဘိုင်းအမှတ်တံဆိပ်များကို အသုံးပြုသူ များပြားသဖြင့်   ပြည်တွင်းစမတ်ဖုန်း ထုတ်လုပ်မှုများကို ထိခိုက်‌နေ၍ ယခု ကဲ့သို့  သတ်မှတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ 


လူဦး‌ရေ ၁ ဒသမ ၃ ဘီလီယံရှိသော တောင်အာရှနိုင်ငံဖြစ်သည့်အပြင် စမတ်ဖုန်းများ၏ အကြီးဆုံးဈေးကွက် တစ်ခုဖြစ်သဖြင့် ယခုအချိန်တွင် တရုတ် သည် အိန္ဒိယဈေးကွက်ကို လက်လျှော့ ခြင်းမရှိဘဲ စျေးကွက်​ဝေစု ၈၀ ရာခိုင် နှုန်းကို ရယူထားကြောင်းသိရသည်။ 


လက်ရှိတွင် တရုတ်ထုတ်မိုဘိုင်း ဖုန်းအများစုသည် အိန္ဒိယ၏ ဘဏ္ဍာ ရေးစစ်ဆေးမှုကိုခံနေရပြီး အခြား သော Samsung၊ Apple စသည့်   မိုဘိုင်း တံဆိပ်များသည်   အခွန်ပိုမိုပေးသွင်း ထား​ခြင်းကြောင့် ယင်းတို့အတွက်သက် ရောက်မှုမရှိကြောင်း သိရသည်။ 

(Ref:Bloomberg)






အခြားဆက်စပ်သတင်းများ