နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးကျုံးဘေး အပန်းဖြေအနားယူခြင်းမပြုရန် မေတ္တာရပ်ခံ

မန္တလေး ဧပြီ ၄ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါ ကြိုတင်ကာကွယ်တားဆီး ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြင့်နေထိုင်ခြင်းမပြုရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသန္တရ အမိန့်ထုတ်ပြန်ခဲ့ပြီး မန္တလေး အောင်မြေသာစံမြို့နယ် ၆၆ လမ်း၊ ၁၂ လမ်းနှင့် ၂၆ လမ်းကြား ကျုံးအရှေ့ ဘက်ခြမ်းတွင် လူငယ်များစုဝေး၍ ဓာတ်ပုံရိုက်ခြင်း၊ စုပေါင်းအပန်းဖြေခြင်း၊ ညပိုင်း လူငယ်များဝိုင်းဖွဲ့ အရက်သေစာသောက်စားခြင်းများ ပြုလုပ်နေသဖြင့် ကျုံးဘေးအပန်းဖြေအနားယူခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံ အသိပေးဗီနိုင်းများကပ်ထားပြီး ထိုင်ခုံများတွင်လည်း COVID-19 ကာကွယ်ရေး မထိုင်ရ သတိပေးစာများ ဧပြီ ၃ ရက်က ကပ်ထားသည်ကို တွေ့ရစဉ်။ မောင်ပြည်သူ (မန္တလေး)






အခြားဆက်စပ်သတင်းများ