နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်းဆောင်ရွက်

ပညာရေးဝန်ကြီးဌာနသည် ပညာသင်နှစ်အလိုက် အခြေခံ ပညာကျောင်းအားလုံးတွင် ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်း များကို ပညာရေးပြက္ခဒိန်ရေးဆွဲသတ်မှတ် ဆောင်ရွက်လျက် ရှိသည်။ 


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြက္ခဒိန်အရ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ဩဂုတ်လ ဒုတိယပတ်ကို သတ်မှတ်ထား သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအားလုံး၌ ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးဆိုင်ရာ ပညာပေး လုပ်ငန်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် ကျောင်းကျန်းမာရေးလုပ်ငန်း ငါးရပ်ကို ဆောင်ရွက်သွားကြမည် ဖြစ်သည်။


နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ကျောင်း ကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများကို ဆောင်ရွက်ကြရမည် ဖြစ်သည်။


ယင်းသို့ ဆောင်ရွက်ကြရာတွင် ကျောင်းကျန်းမာရေးဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေး၊ အာဟာရ ပြည့်ဝစွာစားသုံးရမည့် အစာအုပ်စုများအကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ်ရောဂါ၊ မျောက်ကျောက်ရောဂါ၊ သန်ကောင် တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ စနစ်တကျ သွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအကြောင်း ကို အသိပညာပေး ဟောပြောကြသည်ကို လှုပ်ရှားမှုသတင်းများ တွင် တွေ့ရသည်။ တစ်ကိုယ်ရေ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေးများ တိုက်ကျွေးကြရာ ကျောင်းနေအရွယ်ကပင် ကျန်းမာရေးအသိပညာဗဟုသုတနှင့် အလေ့အကျင့်ကောင်းများ တစ်ပေါင်းတည်းရရှိ ဆောင်ရွက်ခြင်းသည် ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများအတွက် အရေးပါပေသည်။


ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုသည် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထောက်အကူပြု ခြင်းကြောင့်လည်း  ကျန်းမာရွှင်လန်းသော၊  ကျောင်းသူ၊ ကျောင်းသားများက ပညာသင်ယူရေး စိတ်ရောကိုယ်ပါ ရွှင်လန်း တက်ကြွစွာဖြင့် လုပ်ဆောင်ကြမည်ဖြစ်ရာ ကျောင်းအားလုံး တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ