နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာသုံးစက်ကိရိယာများအသုံးချတိုးချဲ့စိုက်ပျိုး

နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးကို အထူးအလေးထား အားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏ လူမှု စီးပွားဘဝရှင်သန်ရပ်တည်မှုသည် တိုးတက်ကောင်းမွန်လာ ၏။


ထို့အပြင် ဆီထွက်သီးနှံမြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုး စိုက်ပျိုးလာကြသည်။ အထူးသဖြင့် ရေကောင်း၊ မြေကောင်း သည့်နေရာများတွင် စိုက်ပျိုးရေးနည်းပညာဖြန့်ဖြူးပေး ခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ 


နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ပြောင်းလဲမြင့်မားလာရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်သည်။ မြန်မာ့လယ်ယာကဏ္ဍသည်    စက်မှုလယ်ယာခေတ်ကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည်။ ယခုအခါ ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးငွေချေးယူနိုင်သည့် အခွင့် အလမ်းများပေါ်ထွန်းလာနေပြီဖြစ်သည်။ လယ်ယာလုပ်ငန်း ခွင်များတွင် စက်စွမ်းအားပြည့်၊  လူ့စွမ်းအားပြည့်အသုံးချ တတ်လာ၏။   ပဲခူးတိုင်းဒေသကြီး  ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စုကွင်းအမှတ် ၄၀၈ နွားမယံကွင်းရှိ တောင်သူဦးဌေးဝင်း၏ လယ်မြေ ၁၆ ဧကတွင် မိုးစပါးသိပ္ပံ နည်းကျစိုက်ပျိုးနည်းစနစ်ကောက်စိုက်စက်ဖြင့် စိုက်ပျိုး ခြင်းနှင့် လက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့ သည်။ 


အလားတူ ထယ်ရေးမလိုသောမျိုးစေ့ချကိရိယာ အသုံးပြု စိုက်ပျိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ဩဂုတ် ၃ ရက်က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ မဲဒီ ကျေးရွာ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည် တော်ကောင်စီဝင်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် လယ်ယာ ကဏ္ဍဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ တောင်သူလယ်သမားများတက်ရောက် ကြသည်။


ထယ်ရေးမလိုသည့် မျိုးစေ့ချကိရိယာကို လယ်မြေများ တွင် မိုးစပါးအပြီး ဆောင်းပဲသီးထပ်စိုက်ပျိုးသောဒေသများ တွင် အထူးသင့်လျော်ရာ ထယ်ရေးမလို မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာ ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေ ခြင်း၊ လယ်ယာလုပ်သားရှားပါးမှုကို အထောက်အကူပြုမည် ဖြစ်သည်။ 


တောင်သူလယ်သမားများအနေဖြင့် ရေကောင်း၊ မြေ ကောင်း၊ အခြေခံကောင်းများကို လက်လွှတ်မခံဘဲ မိမိတို့ မိသားစုများဝင်ငွေတိုးပွားလာစေရေးအတွက် ရာသီ သီးနှံ များကို တစ်နှစ်ပတ်လုံးတိုးချဲ့စိုက်ပျိုးစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ