နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩဇာသီးနှင့် ကျန်းမာရေး

ယခုရာသီတွင် ဩဇာသီးမှည့်များ ပေါ်လာ ပြီဖြစ်ကာ ဩဇာသီးကို ကြိုက်နှစ်သက်သူ   များပါသည်။


ဩဇာသီးအမှည့်သည် အရသာကောင်းမွန် သကဲ့သို့ ကျန်းမာရေးကို အထောက်အကူများစွာ ပြုသည်။ 


ဩဇာသီးတွင် ဗီတာမင်ဘီ၊ ဗီတာမင်ဘီ-၆၊ ဘီတာမင်စီနှင့် အင်တီအောက်ဆီးဒင့် (ANTIOXDANT) များပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နှင့် နှလုံးတို့ကို အထောက် အကူပြုပါသည်။


ဩဇာသီးက ကျန်းမာရေးအတွက် ကောင်း ကျိုးဖြစ်ထွန်းစေသောအချက်များစွာရှိသည်။


ကိုယ်အလေးချိန်တိုးစေခြင်း


ကိုယ်အလေးချိန်တိုးရသည့် အကြောင်းမှာ ဩဇာသီးတွင် ကယ်လိုရီပမာဏအများအပြား စုဆောင်းထားသောကြောင့်ဖြစ်သည်။


ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း


ဩဇာသီးတွင် ဗီမင်စီဓာတ်ကြွယ်ဝစွာပါဝင် သဖြင့်၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး  ကူးစက်ရောဂါများကို ကာကွယ်နိုင်ပါသည်။


ခွန်အားဖြည့်တင်းပေးခြင်း


ဩဇာသီးသည်၊ စွမ်းအင်အရင်းအမြစ်တစ်ခု ဖြစ်၍ ခွန်အားပြည့်ဝစေသော အစားအစာ တစ်မျိုးဖြစ်သည်။ အထူးသဖြင့် ကြွက်သားများ ကို အားကောင်းစေသည်။


ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း


အေစီတိုဂျီနင်(ACETOGENIN)နှင့် အယ် ကာလွိုက်(ALKALOIDS) စသည့် ကင်ဆာများ ကို တွန်းလှန်နိုင်သည့် သဘာဝဒြပ်ပေါင်းများ၊ ဩဇာသီးထဲတွင် ပါဝင်နေသဖြင့် ကင်ဆာအမျိုး အစားပေါင်းစုံနှင့် အသားပိုအကျိတ်များကို ဖယ် ရှားပေးနိုင်စွမ်းရှိနေသည်။


ဦးနှောက်ကျန်းမာစေခြင်း


ဩဇာသီးတွင်ပါဝင်သည့် ဗီတာမင်ဘီကွန် ပလက်က ဦးနှောက်ကို ဖွံ့ဖြိုးစေသည့် GABA နူရွန်ဓာတ်ပစ္စည်းများကို လိုအပ်သလို ထိန်းညှိ ပေးနိုင်သဖြင့် စိတ်ဖိစီးမှုများ၊ ဖိအားများနှင့် စိတ် ဓာတ်ကျမှုများကို လျော့ပါးစေနိုင်ပါသည်။ ၁၀၀ ဂရမ်အလေးချိန်ရှိသော ဩဇာသီးတစ်လုံးတွင် ဗီတာမင်ဘီ-၆  ဝ ဒသမ ၆ ဂရမ်ပါဝင်နေပါသည်။ ဤပမာဏမှာ လူတစ်ဦး နေ့စဉ်လိုအပ်သော ပမာဏ၏ ၂၀ ရာခိုင်နှုန်းဖြစ်သည်။


သွေးအားနည်းရောဂါကို သက်သာစေခြင်း


ဗီတာမင်ဘီ-၆ သည် သွေးအားနည်းခြင်းနှင့် သွေးနှင့်သက်ဆိုင်သော ရောဂါများကို တိုက်ဖျက် နိုင်သဖြင့် ဩဇာသီးစားခြင်းဖြင့် သွေးနှင့်သက် ဆိုင်သော ရောဂါများကို ကာကွယ်နိုင်သည်။ ထို့ အပြင် ဗီတာမင်ဘီ-၆ သည် အော့အန်ခြင်းနှင့် ဂေါက်ရောဂါများကိုလည်း ကာကွယ်ပေးနိုင် သည်။


သွားများကို ခိုင်မာစေခြင်း


ဩဇာသီးက သွားနှင့်သွားဖုံးနာကျင်မှုများကို လျော့ကျစေနိုင်ပါသည်။


အမြင်အာရုံကို ကြည်လင်စေခြင်း


ဗီတာမင်စီကြွယ်ဝစွာပါဝင်နေသောကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်။


အဆစ်ရောင်နာကို သက်သာစေခြင်း


ဩဇာသီးတွင် မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝစွာပါ ဝင်သဖြင့် အဆစ်အမြစ်ရောင်ရောဂါအာ သရိုက် တစ်(ARTHRITIS)ကို သက်သာစေသည်။


နှလုံးနှင့် ဆိုင်သော ရောဂါများကိုသက်သာ စေခြင်း


ပိုတက်စီယမ်နှင့် ဆိုဒီယမ်ဓာတ်ကြွယ်ဝ သဖြင့် ဩဇာသီးတွင် နှလုံးတွင်းသွေးလည်ပတ်မှု နှင့် ဖိအားကိုထိန်းချုပ်ပေးပါသည်။ မဂ္ဂနီစီယမ် ဓာတ်ကလည်း နှလုံးကြွက်သားများကို ချောမွေ့ စွာအလုပ်လုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးပါသည်။ ထို့ အပြင် ဩဇာသီးက သွေးတွင်း ကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးပါသည်။


ဆီးချိုကိုတားဆီးနိုင်သည်


ဩဇာသီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင် သဖြင့် သွေးတွင်း သကြားဓာတ်ပျော်ဝင်မှုကို တားဆီးနိုင်ပြီး အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင် ခြေကို လျှော့ချပေးသည်။


အစာခြေစနစ်ကို အားကောင်းစေခြင်း


ဩဇာသီးသည် အစာခြေစနစ်ကိုအားပေး သောအစားအစာဖြစ်၍၊ အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ ပြဿနာရှိသူများ ပုံမှန်စားပေး သင့်သည့် အစားအစာဖြစ်ပါသည်။


အသားအရေနှင့် ဆံပင်ကို အားဖြည့်ပေးခြင်း


ဗီတာမင်စီနှင့် ဗီတာမင်အေကြွယ်ဝစွာပါဝင် သဖြင့် ဩဇာသီးက အရေပြား၊ မျက်လုံးနှင့် ဆံပင် များကို အားဖြည့်ပေးနိုင်ပါသည်။


ကိုယ်ဝန်ဆောင်မိခင်အတွက် ဓာတ်စာဖြစ် ခြင်း


ဩဇာသီးတွင် ကြေးနီဓာတ်ကြွယ်ဝစွာပါဝင် သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတစ်နေ့ အတွက် လိုအပ်သည့် ကြေးနီ ၁၀၀၀ မီလီဂရမ်ခန့် ပမာဏကို ဩဇာသီးက ပြည့်ပြည့်ဝဝဖြည့်တင်း ပေးနိုင်ပါသည်။


သန္ဓေသား၏ ဦးနှောက်ကိုဖွံ့ဖြိုးစေခြင်း


ဩဇာသီးသည် ကိုယ်ဝန်ဆောင်မိခင်များကို သာမက သန္ဓေသား၏ ဦးနှောက်ကိုလည်း ဖွံ့ဖြိုး စေသည်။


သံဓာတ်ပါဝင်မှုများခြင်း


ဩဇာသီးတွင် သံဓာတ်ကြွယ်ဝစွာပါဝင် သဖြင့် ကိုယ်ဝန်ဆောင်မိခင်များကို နာကျင်ကိုက် ခဲမှုနည်းပါးစေသည်။


ရင်သွေးငယ်များကို ကူးစက်ရောဂါကာကွယ် ပေးခြင်း


မိခင်ဖြစ်သူက ဩဇာသီးစားပေးလျှင် ရင်သွေးငယ်တွင် ကျရောက်မည့် ကူးစက်ရောဂါ များကိုတားဆီးကာကွယ်ပေးနိုင်သည့် ဩဇာသီး တွင် အင်တီအောက်ဆီးဒင့် (ANTIOXIDANTS)အများအပြား ပါဝင်နေခြင်းကြောင့်ဖြစ် သည်။


MORNING SICKNESS ဝေဒနာရှင်များအတွက် ဖြေဆေးဖြစ်ခြင်း


 ကိုယ်ဝန်ဆောင်စတွင် နံနက်ခင်း၌ ပျို့အန်လိုမှုနှင့် MORNING SICKNESS ဝေဒနာ ခံစားနေရသူများအတွက် ဩဇာသီးသည် ဖြေဆေးတစ်ခုဟု တင်စားခေါ်ဝေါ်ကြပါသည်။


အရေပြားကို ရွှန်စိုစေခြင်း


အရေပြားတောက်ပနေစေလိုလျှင် ဩဇာသီး စားပေးခြင်းက နည်းလမ်းကောင်းတစ်ခုဖြစ် သည်။ ဩဇာသီးသည် အရေပြားကျန်းမာရေးကို များစွာအထောက်အကူပြုစေသည်။


အရေပြားကူးစက်ရောဂါများကို ပျောက် ကင်းစေခြင်း


ယားနားကဲ့သို့ အရေပြားပေါ်မှ ကူးစက် ဝေဒနာများကို ဩဇာသီးတွင် ပါဝင်သည့် ဗီတာမင်စီက အလျင်အမြန်သက်သာပျောက် ကင်းစေနိုင်သည်။


အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း


ဩဇာသီးက အရေပြားကို နုပျိုစေပြီး အိုမင်း ရင့်ရော်မှုကို နှေးကွေးစေသဖြင့် အမျိုးသမီးငယ် များ အလေးထားစားသုံးသင့်သော အစားအစာ တစ်ခုဖြစ်သည်။

SOURCE; Hello ဆရာဝန်

ဇာနည်ကို






အခြားဆက်စပ်သတင်းများ